APM၊ ဒီဇမ်ဘာ ၁၄/၂၀၂၂
ကျောက်တော်-ပလက်ဝ ရီလမ်းကြောင်းကို မြန်မာစစ်တပ်က ပြန်ဖွင့်ပီးကေလေ့ ဆန်၊ ဆီးဝါးနန့် ကုန်ပစ္စည်းတချို့သယ်ယူခွင့်ကိုတော့ လက်ဟိအချိန်ထိ ဆက်လက်ကန့်သတ်ထားသည်ဟု ဒေသခံများက ပြောသည်။
မြန်မာစစ်တပ်နန့် ရက္ခိုင့်တပ်တော် AA အပစ်ရပ်လိုက်သည့်နောက် ၃ လကျော်ကြာ ပိတ်ထားခသည့် ကျောက်တော်-ပလက်ဝ ရီလမ်းကို ဒီဇမ်ဘာ ၃ ရက်နိမှာ ပြန်ဖွင့်ပီးခသည်။
ယင်းသို့ ပြန်ဖွင့်ပီးထားကေလေ့ ဒေသခံပြည်သူများ၏ အခြီခံလိုအပ်ချက်ဖြစ်သည့် ဆန်၊ ဆီးဝါး၊ လောင်စာဆီနန့် ဆောက်လုပ်ရီးသုံးပစ္စည်းများ သယ်ယူခွင့်ကိုတော့ဆက်လက်ကန့်သတ်ထားကြောင်း ဒေသခံများက ဆိုသည်။
ယင်းအပြင် ကုန်များကို သယ်ယူမည်ဆိုပါက ရပ်ကွက်အုပ်ချုပ်ရီးမှူး၊ မြို့နယ်အုပ်ချုပ်ရီးမှူးနန့်မြို့ နယ်စည်ပင်ရို့မှ ထောက်ခံ စာများဖြင့်ပလက်ဝအခြီစိုက်မြန်မာစစ် တပ် ခမရ(၂၈၉)တပ်ရင်းသို့တင်ပြကာ ခွင့်ပြုချက်တောင်းခံရသည်။
ခမရ (၂၈၉)တပ်ရင်းမှ ခွင့်ပြုချက်ရမှရာ ၎င်းရို့ခွင့်ပြုသည့်အချိန်၌ သတ်မှတ်ပီးထားသည့် စက်လှီဖြင့် ကုန်များကို သယ်ယူခွင့်ပြုသည်။
ပလက်ဝမြို့နယ်အတွက် လိုအပ်သည့် အခြီခံလူသုံးကုန်ပစ္စည်းများကို ကျောက်တော်- ပလက်ဝရီလမ်း ကြောင်းမှတဆင့် ကုလားတန်မြစ် ကြောင်းအတိုင်း အဓိက သယ်ယူနီရခြင်းဖြစ်ပြီး၊ မြန်မာစ်တပ်မှ အဂုပိိုင် ကန့်သတ်ထားမှုကြောင့် ပလက်ဝမြို့နယ်အတွင်း ကုန်ဈီးနှုန်းများ အဆမတန်မြင့်တက်နီကာ ဒေသခံပြည်သူများ အခက်ကြုံနီရကြောင်း သိဟိရသည်။