APM၊ ဒီဇမ်ဘာ ၁၄/၂၀၂၂
ရက္ခိုင်ပြည်တွင် ဒေဂု ၂၀၂၂ ခုနှစ် စပါးစိုက်ပျိုးရာသီအတွင်း စပါးအထွက်နှုန်းလျော့နည်းကျဆင်း၍ လယ်သမား များ အခက်ကြုံနီကတ်ရကြောင်း သိရသည်။
အဂုနှစ်အတွင်း စပါးရိတ်သိမ်းခါနီးတွင် ရက္ခိုင်ပြည်နီရာအနှံ၌ လီပြင်းတိုက်ခတ်ပြီး ဆားငံရီ ဝင်ရောက်မှုများ ကြောင့် စပါးခင်းအများစုမှာ ပျက်စီးဆုံးယှုံးလားရကာ အယင်နှစ်များကထက် စပါးအထွက်နှုန်း သိသိသာသာ လျော့နည်းကျဆင်းလားခရသည်။
ယင်းအပြင် စပါးဝယ်ကုန်သည်များကလေ့ စပါးများကို ဈီးနှိမ်ဝယ်ယူမှုများဟိနီ၍ စပါးကို အဓိကထားစိုက်ပျိုး လုပ်ကိုင်နီရသည့် ရက္ခိုင်ပြည်မှ လယ်သမားများမှာ စပါးဝယ်သူများပီးသည့်ဈီးနှုန်းအတိုင်းရာ ရောင်းချနီရကာ တပူမှာ နှစ်ပူဆင့် အယှုံးနန့် ရင်ဆိုင်နီကတ်ရသည်။
ရက္ခိုင်ပြည်တွင် ဒေဂု ၂၀၂၂ ခုနှစ်စပါးစိုက်ပျိုးရာသီအတွင်း ရာသီဥတုဖောက်ပြန်ပြီး ဆားငံရီဝင်ရောက်မှုကြောင့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူနန့် ရမ်းဗြဲစသည့် မြို့နယ်များ၌ စပါးစိုက်ပျိုးဧက ၇ သောင်းကျော်ခန့် ပျက်စီးဆုံးယှုံးလားရကြောင်း ရက္ခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိဟိရသည်။