
APM၊ ဒီဇမ်ဘာ ၁၄/၂၀၂၂
ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ တကျော့ပြန်တိုက်ပွဲကာလအတွင်း မြန်မာစစ်တပ်ဖမ်းဆီးထားသည့် မင်းပြားမှ ရပ်ကွက်အုပ်ချုပ်ရီးမှူးတဦးအား မင်းပြားမြို့နယ်တရားရုံး၌ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) (၂) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အမှုဖွင့်ခံထားရသူမှာ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ အုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှ(ခ)နီတောင်းချေ(၅၇နှစ်) ဖြစ်ပြီး၊ သူ့ကို ပြီးခသည့် အောက်တိုဘာ ၈ ရက်နိ၌ မင်းပြားမြို့အခြီစိုက် မြန်မာစစ်တပ် ခမရ (၃၈၀) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလားခခြင်းဖြစ်သည်။
ယင်းနောက် ဦးအောင်ကျော်လှကို ခမရ (၃၈၀) တပ်ရင်းထဲ၌ ၂ လနီးပါး ထိန်းသိမ်းထားခပြီး၊ ပုဒ်မ ၁၇ (၁) (၂) နန့်အမှုဖွင့်ကာ နိုဗမ်ဘာ ၅ ရက်နိတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခကြောင်း မိသားစုဝင်များက ပြောသည်။
လက်ဟိတွင် ဦးအောင်ကျော်လှကို မြန်မာစစ်တပ်မှ ရဲလက်သို့လွှဲပြောင်းပီးခြင်းမဟိသိမ့်ဘဲ ခမရ (၃၈၀) တပ် ရင်းထဲမှာရာ ဆက်လက်ထိန်းသိမ်းထားကြောင်းသိရသည်။
မြန်မာစစ်တပ်သည် ရက္ခိုင်ပြည် မြို့နယ်အသီးသီး၌ ရပ်ရွာအုပ်ချုပ်ရီးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတသမားများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးခပြီး၊ ၎င်းရို့ဖမ်းဆီးထားသူများထဲမှ အများစုကို မတရားအသင်းဆက်သွယ်မှုပုဒ်မများဖြင့် တရားစွဲကာ ဆက်လက်ထောင်ချလျက်ဟိသည်။
