
APM၊ ဒီဇမ်ဘာ ၁၄/၂၀၂၂
ဒေဂု ၂၀၂၂ ခုနှစ် ဆောင်းရာသီအတွင်း ရက္ခိုင်ပြည်သို့ ဆောင်းခိုငှက်ဝင်ရောက်မှုသည် အယင်နှစ်များကထက် အလွန်နည်းပါးနီကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရီးအဖွဲ့များက သတိပီးပြောကြားသည်။
အယင်နှစ်များက ရက္ခိုင်ပြည်အတွင်းသို့ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၅၀ နန့် ၁၀၀ အကြားဝင်ရောက် ကျက်စား လိဟိခကေလေ့ ဒေဂု ၂၀၂၂ ခုနှစ်မှာတော့ မျိုးစိတ်ပေါင်း ၃၀ နီးပါးရာ ဝင်ရောက်ကျက်စားကြောင်း သိရသည်။
ယင်းသို့ ဆောင်းခိုငှက်များ ဝင်ရောက်မှုနည်းပါးလာခြင်းမှာ ငှက်ကျက်စားမည့်နီရာ ယှားပါးလာခြင်း၊ ရီထုညစ် ညမ်းလာခြင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းများနန့် ရက္ခိုင်ပြည်၌ဆောင်းခိုငှက်များကို မဆင်မခြင်ဖမ်းဆီး သတ်ဖြတ်ခြင်းများ ကြောင့်ဖြစ်ရသည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရီးဆောင်ရွက်နီသူများက ထောက်ပြကတ်သည်။
ဆောင်းခိုငှက်များသည် ဆောင်းရာသီကာလအတွင်း ကမ္ဘာ့အအီးပိုင်းဒေသများမှ ပင်လယ်ကမ်းရိုးတန်းနန့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ယာယီပြောင်းရွှိကျက်စားကတ်သည့် ငှက်များဖြစ်ပြီး၊ ရက္ခိုင်ပြည်တွင် အဏ္ဏဝါ အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ထားသည့် ရသေ့တောင်မြို့နယ်နန့် စစ်တွေမြို့နယ်ကြားဟိ နံသာကျွန်း၌ ဆောင်းခိုငှက် အများဆုံးလာရောက်ခိုလှုံကတ်သည်။
ယင်းငှက်မျိုးစိတ်များသည် ရက္ခိုင်ပြည်သို့ နိုဗမ်ဘာလမှ ဂျန်နဝါရီလအတွင်း ဝင်ရောက်ကျက်စားလိဟိကတ်ပြီး ဖေဖော်ဝါရီလရောက်သည့်အခါ မူလနီထိုင်ရာ ဒေသများသို့ ပြန်လည်ပျံသန်းလားကတ်သည်။
ငှက်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် ရက္ခိုင်ပြည်တွင် ရီညှောက်နှုတ်ဝိုင်းငှက်၊ ကြိုးကြာငှက်၊ နှုတ်တို နှုတ်ရှည်ငှက်များ အပါအဝင် ဆောင်းခိုငှက်အများအပြားမှာမျိုးတုံးလုနီးပါး ဖြစ်လာနီကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရီးအဖွဲ့များ၏ စစ်တမ်းများအရ သိဟိရသည်။
Photo- Burma Irrawaddy
