APM၊ ဒီဇမ်ဘာ ၁၄/ ၂၀၂၂
မြန်မာ့အရေး ဖြေယှင်းနိုင်ရန် နောက်ထပ် ၅နှစ်ခန့် ကြာမြင့်နိုင်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ထုတ်ဖော်ပြောကြား လိုက်သည်။
ဝန်ကြီးချုပ် ဟွန်ဆန်သည် လက်ဟိတွင်”ဥရောပသမဂ္ဂ-အာဆီယံထိပ် သီးဆွေးနွေးပွဲ” တက်ရောက်ရန် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြိုသို့ရောက်ဟိနီစဉ်ဒီဇမ်ဘာ ၁၂ရက်နိ၌ ဥရောပရောက် ကမ္ဘောဒီးယားနိုင်ငံသား ၂၀၀၀ကျော်နန့် တွိဆုံချိန် ယင်းသို ပြောကြားလိုက်ခြင်းဖြစ် သည်။
ယင်းသို့ပြောကြားရာတွင် ဟွန်ဆန်က “မြန်မာ့အရေး ပြေလည်အောင်ဖြေယှင်းရန်အနည်းဆုံး နောက်ထပ် ၅ နှစ်ခန့် အချိန်ယူရမည်ဖြစ်ပြီး၊ မြန်မာ့အရေးကို ဖြေယှင်းနိုင်မည့် မည်သူမဆို ဖြေယှင်းရန် ကြိုးပမ်းသင့်ကြောင်း နန့် ကမ္ဘောဒီးယားအနီနန့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ သက်တမ်းလေ့ ကုန်ဆုံးခါနီးဖြစ်သည့်အတွက် အထူးသံတမန် နိုင်ငံခြားရီးဝန်ကြီး ပရက်ဆော့ခွန်းလေ့ မြန်မာနိုင်ငံသို့ နောက်ထပ် လားရောက်ရန်မဟိတော့ကြောင်း” ဖြင့် ဟွန်ဆန်က ဆိုသည်။
ယင်းအပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်တွင် ပြဿနာများယှုပ်ထွီးနီကေလေ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို တာဝန်သိသိ၊ ယုံ ကြည်ချက်ဟိဟိဖြင့် ထမ်းဆောင်ခကြောင်းလေ့ ဟွန်ဆန်က ပြောဆိုခသည်။
ဥရောပသမဂ္ဂ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့ ၌ ဒေနိဒီဇမ်ဘာ ၁၄ ရက်နိတွင် စတင်ကျင်းပမည်ဖြစ် ကြောင်းသိရသည်။
Ref; Myanmar conflict may take 5 more years to resolve: PM
Photo – The Phnom Penh Post