APM၊ ဒီဇမ်ဘာ ၁၄/၂၀၂၂
ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်အကြား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်ရပ်လိုက်သည့် နောက် ULA/AA တပ်ဖွဲ့ဝင်များမှ ရက္ခိုင်ဒေသခံပြည်သူလူထုများ၏ စပါးခင်းများအား ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာ ၂၆ ရက်နိမှစ၍ အေနိအထိ ဆက်တိုက်ဝိုင်းဝန်းကူညီရိတ်သိမ်းပီးနီပြီး၊ ဆက်လက်၍ ကူညီရိတ်သိမ်း ပီးလားမည်ဟု လေ့ သိရသည်။
ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အပါအဝင်မြို့နယ်များမှ စပါးခင်းပေါင်းမြောက်များစွာကို ULA/AA တပ်ဖွဲ့ဝင်များကဒေသခံ ပြည်သူလူထုများနန့်အတူ ပူးပေါင်း၍ လည်းကောင်း၊ စပါးခင်းပိုင်သျှင်များမှာစစ်ဖီးယှောင်များဖြစ်နီ၍ ပိုင်သျှင်များကိုယ်တိုင် လာရောက်ရန်မလွယ်ကူသည့် စပါးခင်းများအား စပါးခင်းပိုင်သျှင်များကိုယ်စားလည်းကောင်း ရိတ်သိမ်းပီးခြင်းများကို စေတနာအပြည့်ဖြင့် ဆက်တိုက် လုပ်ဆောင်ပီးလျက်ဟိကြောင်းသိရသည်။
လက်ဟိ ULA/AA တပ်ဖွဲ့ဝင်များ ဒေသခံပြည်သူလူထုများ၏ စပါးခင်းများအား ကူညီရိတ်သိမ်းပီးနီမှုနန့် ပတ် သက်၍ ဘူးသီးတောင်မြို့နယ်၊ ရွာသာယာကျေးရွာမှလယ်သမား ဦးလူချေက “ ULA/AA က ဘူးသီးတောင်မှာ လေ့ ဆက်လို့ကူရိတ်ပီးနီကတ်တုန်းပါ။ ညဇာကနန့် အေနိ ဒီဇမ်ဘာ ၁၄ ရက်နိမှာ ကျနော့်လယ်နန့် ကိုကျော်နိုင် လယ်ကို ရိတ်ပီးကတ်ပါရေ။ တခြားရွာတိမှာလေ့ ULA/AA က ကူလို့ရိတ်ပီးနီကတ်ပါရေ။ အပစ်ရပ်လိုက်တေ နိကပင် ဆက်တိုက်ရိတ်ပီးနီကတ်စွာပါ။ အားလုံးပြီးရေအထိ ဆက်လို့ကူရိတ်ပီးဖိုပြောကတ်ပါရေ” ဟု ဆိုသည်။
အဂုပိုင် ULA/AA တပ်ဖွဲ့ဝင်များစပါးကူရိတ်ပီးနီမှုနန့် ပတ်သက်၍ ရသေ့တောင်မြို့နယ်မှ လယ်သမားကြီး ဦးလှ မောင်က “ကိုယ့် ပြည်သူလူထုတိ အခက်အခဲကျရောက်နီချိန်မှာ ပြည်သူ့ရှိက မားမားမတ်မတ်ရပ်ပနာ အရိုးကြီ ကြီအရီခမ်းခမ်း ပြည်သူလူထုအတွက် မမောမပမ်း ဝိုင်းဝန်းကူညီဆောင်ရွက်ပီးနီကတ်တေ ပြည်သူ့သားကောင်း အာရက္ခစစ်သည်တော်တိကို အထူးကျေးဇူးတင်ပါရေ” ဟု APM သို့ ပြောကြားသည်။
AA နန့် မြန်မာစစ်တပ်ရို့သည် နိပွန်ဖောင်ဒေးသျှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရီးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ကြားဝင် ဆောင်ရွက်ပီးမှုဖြင့် ကုန်ခသည့် နိုဗမ်ဘာလ (၂၆) ရက်နိမှစ၍လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအပစ်ရပ်တန့်ခြင်းကို နှစ်ဖက်သဘောတူ ရပ်တန့်ခကတ်သည်။
ယင်းနိမှစ၍ ULA/AA တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူ လူထုများ၏ စပါးခင်းများကို အင်တိုက်အားတိုက် ကူညီရိတ်သိမ်း ပီးနီကြောင်း ဒီဇမ်ဘာ ၁ ရက်နိက တကြိမ်၊ ဒီဇမ်ဘာ ၆ ရက်နိက တကြိမ် ရက္ခိုင့်တပ်တော်မှ ရုပ်သံမှတ်တမ်းများနန့်တကွ ထုတ်ပြန်ထားသည်။
ရုပ်သံ- ဒီဇမ်ဘာ ၁၃ ရက်နိ၊ ဘူးသီးတောင်မြို့နယ်၊ ရွာသာယာကျေးရွာနားမှ စပါးခင်းအား ULA/AA တပ်ဖွဲ့ ဝင်များက ကူညီရိတ်သိမ်းပီးနီခြင်း။