
APM၊ ဒီဇမ်ဘာ ၁၄ /၂၀၂၂
ခရိုအေးသျှားနန့်ကဇတ်ခသည့် ၂၀၂၂ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဥ်တွင် အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးသွင်း ပီးခသည့်မက်ဆီသည် အာဂျင်တီးနားလက်ရွီးစင်အသင်းသမိုင်းတလျှောက် ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံး ကဇတ် သမားအဖြစ် စံချိန်သစ်တင်လိုက်ကြောင်း သိရသည်။
မက်ဆီသည် ကဇတ်သမားဘဝ ကမ္ဘာ့ဖလားပြိုင်ပွဲသွင်းဂိုး(၁၁)ဂိုးအထိ ဟိလာခပြီး၊ ဂန္ထဝင်တိုက်စစ်မှူးဘာတစ္စတူ တာ(၁၀ဂိုး)ကို ကျော်ဖြတ်နိုင်ခသည့်အတွက် အဂုပိုင် ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးကဇတ်သမားဖြစ်လာခသည်။
ခရိုအေးသျှားနန့်ကဇတ်ခသည့် ပွဲစဉ်တွင် မက်ဆီသည် ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခသည့်အတွက် လက်ဟိ ကမ္ဘာ့ ဖလားပြိုင်ပွဲ၌ သွင်းဂိုးအများဆုံး (၅ဂိုး)၊ ဂိုးဖန်တီးမှု အများဆုံး(၃ကြိမ်)၊ သွင်းဂိုး ပါဝင်ပတ်သက်မှုအများဆုံး(၈ ဂိုး) ကဇတ်သမား ဖြစ်လာသည်။
ခရိုအေးသျှားနန့်ပွဲ၌အာဂျင်တီးနားလက်ရွီးစင် တိုက်စစ်မှူးမက်ဆီသည် သွင်းဂိုး ၁ ဂိုးနန့်ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ် နိုင်ခ၍ ပွဲစဥ်အလိုက် အကောင်းဆုံး ကဇတ်သမားဆုကို ရဟိခပြီး၊၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကာလ ပွဲစဥ်အလိုက် အကောင်းဆုံးဆု(၄)ဆုရဟိထားကာ၊ သူ၏ကဇတ်သမားဘဝတလျှောက်၌လေ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အကောင်းဆုံး ဆု(၁၀)ကြိမ်မြောက် ဆွတ်ခူးရဟိထားသည့် ပြိုင်ပွဲသမိုင်း၏ “အကြိမ်အများဆုံးဆုရသူ”အဖြစ် မှတ်တမ်းဝင်သည်။
အာဂျင်တီးနားသည် အောင်မြင်မှုနန့်လက်တကမ်းအကွာသို ရောက်လာပြီး၊ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာတော့ ပြင်သစ်- မော်ရိုကို ပွဲစဉ်မှ အနိုင်ရသည့်အသင်းနန့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိဟိရသည်။
Photo – CNN
