APM၊ နိုဗမ်ဘာ ၁၄/၂၀၂၂
ရက္ခိုင်-အိန္ဒိယ နယ်စပ် မီဇိုရမ်ပြည် နယ်၊ ရွာသစ်ရွာ၌ နိုဗမ်ဘာ ၇ ရက်နိ ညဇာက ALP ဗဟိုကော်မတီဝင် ခိုင်မြသာ ပျောက်ဆုံးလားခပြီးနောက်ပိုင်း၊ နိုဗမ်ဘာ ၈ ရက်နိမှစ၍ ALPသည် အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်တချို့နန့် ပူးပေါင်း ကာ ဒေသခံရက္ခိုင်များအပေါ် ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်မှုများ ဆက်တိုက်ပြုလုပ်နီကြောင်း ဒေသခံ များက ပြော သည်။
ခိုင်မြသာပျောက်ဆုံးခြင်းနန့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးလားကြောင်းနိုဗမ်ဘာ ၁၀ ရက်နိတွင် ALPမှ ထုတ်ပြန်ခသည်။ ခိုင်မြသာအား AA ကဖမ်းဆီးခြင်းမဟုတ်၊ ALP ပါတီဝင်အချင်းချင်းကြားက ပြဿနာရာ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက တုန့်ပြန်ခသည်။
အဆိုပါ ခိုင်မြသာပျောက်ဆုံးမှုကို အကြောင်းပြု၍ ALP တပ်ဖွဲ့ဝင်တချို့က အိန္ဒိယနိုင်ငံနယ်စပ်ဟိ အာသံရိုင်ဖယ် တပ်ရင်းမှူးဖြစ်သူ“ရာဟူး”ထံသို့ မမှန်မကန်လုပ်ကြံသတင်းပီးကာ ယင်းဒေသဟိရက္ခိုင်အချင်းချင်းအကြား သွီးခွဲ လျက် ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်မှုများကို အဟုန်မြှင့်လုပ်ဆောင်ခကတ်သည်။
ရက္ခိုင်-အိန္ဒိယနယ်စပ် ရက္ခိုင်ရွာတရွာဖြစ်သည့် တက်ပုချေရွာမှ နာမည် မဖော်လိုသူ ရွာသားတဦးက က “ALP ကိုခိုင်မြသာစွာ ရွာသစ် ရွာမှာ သူမင်္ဂလာဆောင်ရေနိ နိုဗမ်ဘာ ၇ရက်နိ ညဇာက ပျောက်လားခရေလို့ ကြားရရေ။ ယင်းနောက် ALP အဖွဲ့ဝင်တချို့က အာသံရိုင် ဖယ်တပ်ရင်းမှူး “ရာဟူး”ကို မမှန်သတင်းပီးပြီးကေ အပြစ်မဲ့ ရက္ခိုင်ရွာသားတိကို ဖမ်းခိုင်းခရေ။ ကျနော်ရို့နီရေ တက်ပုချေရွာဆိုစွာက ခိုင်မြသာ ပျောက်လားရေ ရွာသစ် နန့် ၂ ကီလိုမီတာ လောက်ဝီးရေ။ နိုဗမ်ဘာ ၈ ရက်နိမှာ အာသံရိုင်ဖယ်တပ်ရင်းမှူး “ရာဟူး”နန့် တပ်ဖွဲ့ ဝင်တချို့ စွာ တက်ပုချေရွာက ကိုခိုင်ထွန်းစိန်နန့် ဦးဇစ်ဇစ်ရို့နှစ်ယောက်ကို ဖမ်းရေ။ နောက် နိုဗမ်ဘာ ၉ ရက်နိမှာလေ့ တက်ပုချေက ဦးသန်းထွန်းအေးနန့် ဦးမောင်ဘသန်းရို့ နှစ်ယောက်ကိုထပ်ဖမ်းရေ။ ယင်း ၄ ယောက်ကို အာသံရိုင်ဖယ် စခန်းထဲမှာ ထိန်းသိမ်းထားပြီးကေ သံပြားတိနန့် ခြီဖဝါးကို သတ်တေ၊ သတ် ပုတ်ကန်ကျောက်ညှင်းပမ်းနှိပ်စက်ကတ်တေ။ ပြီးကေ တပ်ရင်းမှူး ရာဟူးက “ခိုင်မြသာကို မဖော်ထုတ်ပီးကေ မင်းရို့တရွာလုံး ကို သတ်ပစ်ဖို့” လို့ ခြိမ်း ခြောက်ခရေရေ။ ရွာသားတိကိုလေ့ ရွာပြင် မထွက်ရလို့ ပိတ် ထား လိုက်တေ” ဟု ပြောပြသည်။
အာသံရိုင်ဖယ်တပ်ရင်းမှူး “ရာဟူး”သည် အစပိုင်း၌ တက်ပုချေရွာမှ ရွာသားများကို မတရား ဖမ်းဆီး နှိပ်စက်စစ်ဆီးခပြီး၊ နောက်ပိုင်းတွင် ရွာသစ်ရွာမှအပြစ်မဲ့ပြည်သူများကိုပါဖိနှိပ်စစ်ဆီး ခြိမ်း ခြောက်မှုများဆက်လုပ်ခ သည်ဟု ဒေသခံရွာသားများက ဆိုသည်။
“နိုဗမ်ဘာ ၁၂ ရက်နိ မိုးထ ၆ နာရီလောက်မှာ တပ်ရင်းမှူး “ရာဟူး”နန့်အဖွဲ့စွာ ရွာသစ်ရွာကို ရောက်လာရေ။ ရွာသစ်ရွာသား ၁၀ ယောက် လောက်ကို ခေါ်ပြီးကေ မီတာ ၃၀၀/၄၀၀ လောက်ဝီးရေ ဇိုရမ်ပြည်နယ် နယ်စပ်ကို ဖြတ်ပနာ ရက္ခိုင့်တပ်တော် AA ကို လားရှာခိုင်းရေ။ AA ဘားကဖုန်းနံပါတ်ကို သူ့ဘားသို့ ယူလာပီးဖို့ ပြောရေ။ ရွာသားတိကို ယင်းပိုင်လုပ်ခိုင်းပြီးကေ သူ(ရာဟူး)က ဒရုန်းနန့် နောက်ယောင်ခံလိုက် ကြည့်ရေ။ ယင်းနယ်စပ်နီရာက ၂၀၁၉/၂၀၂၀ လောက်က မြန်မာစစ်တပ်နန့် AA ရို့ တိုက်ပွဲတိ ဖြစ်ခရေနီရာပါ။ ယင်းနီရာမှာ မြန်မာစစ်တပ် က မြီမြှုပ်မိုင်းတိအများကြီးထောင်ထားခစွာတိဟိရေ။ ယင်းကြောင့် ရွာသားတိက ကြောက် လို့ ဆက်မလားဝံ့ဘဲ ပြန်ဗြီးလာကတ်တေ” ဟု နာမည်မဖော်လိုသော ရွာသစ်ရွာသားတဦးက ရှင်းပြသည်။
ယင်းနောက် နိုဗမ်ဘာ ၁၂ရက်နိညဇာ ၆နာရီခန့်တွင်လေ့ အာသံရိုင် ဖယ်တပ်ရင်းမှူး “ရာဟူး”နန့် အဖွဲ့သည် ရွာသစ်သို့ရောက်ဟိလာပြီး၊ ရွာဟိဒုက္ခသည်များအား ခြိမ်း ခြောက် ကြိမ်းဝါးခသိမ့်ကြောင်း၊ ယင်းနိ ညည့် ၁၁နာရီခန့်၌လေ့ “ရာဟူး”သည် ရွာသစ်သို့ နောက်တကြိမ်ထပ်ရောက်လာကာ ရွာသစ်ဆရာတော်ဘားမှ လက်ကိုင်ဖုန်းကိုပါ သိမ်းယူလားခကြောင်း ရွာသားများက ဆိုသည်။
နိုဗမ်ဘာ ၁၃ ရက်နိ မိုးထပိုင်းမှာလေ့ အဆိုပါ“ရာဟူး”နန့်အဖွဲ့သည် ရွာသစ်မှ ဒုက္ခသည်များအပါအဝင် ဒေသခံ အရပ်သားပြည်သူ ၂၀ ခန့်အား ဇိုရမ်ပြည်နယ်၊နယ်စပ်ကိုဖြတ်ပြီး ရက္ခိုင့်တပ်တော် AAကို လားရှာခိုင်းကာ AA ဘားမှ ဖုန်းနံပါတ် ယူ လာခိုင်းခပြန်ကြောင်း သိရသည်။
လက်ဟိ အိန္ဒိယနယ်စပ်၌ မတရားဖိနှိပ်ခံနီရမှုနှင့် ပတ်သက်၍ “အဂုကိစ္စက ALP အချင်းချင်းဖြစ်တေပြဿနာကို ALP က သူ့ကိစ္စသူ မယှင်းဘဲ အပြစ်မဲ့ပြည်သူတိ ဒုက္ခ ရောက် အောင်ဖန်တီးရေ ALP မှာ အပြည့်အဝတာဝန်ဟိရေ။ နောက် တဖက်မှာ မဆီမဆိုင် အပြစ်မဲ့ပြည်သူတိကို မတရားဖမ်းဆီး၊ သတ် ပုတ်နှိပ်စက်နီရေ အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်တိ၏ ဥပဒေမဲ့လုပ်ရပ်၊ ဆိုးဝါးရေ လူ့အခွင့်အရေးချိုးဖောက်မှုတိနန့်ပတ်သက်လို့ အိန္ဒိယအစိုးရမှာလေ့ တာဝန်ဟိရေလို့ပြောချင်ပါရေ” ဟု ရက္ခိုင်ဝါရင့်နိုင်ငံရီးသမား ဦးဖေသန်းက သုံးသပ်ပြော ဆိုလားခသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာ ၆ ရက်နိကလေ့ ရက္ခိုင်-အိန္ဒိယနယ်စပ်ဟိ လုံတလိုင်မြို့တွင် ခေတ္တရောက်ဟိနီသော ULA/AA တပ်ဖွဲ့ဝင်တချို့ကို ALP နန့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တချို့ရို့ ပူးပေါင်း၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုကျူးလွန်ခသကဲ့သို့ ALP သည် အိန္ဒိယနယ်စပ်ဟိ ULA/AAအဖွဲ့ဝင်များ၊ ဒေသခံ အပြစ်မဲ့ ရက္ခိုင်ပြည်သူများအား အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်တချို့နန့် ပူးပေါင်းလျက် အလားတူ မတရား ဖမ်းဆီးနှိပ်စက်မှုများကို ကျူးလွန်ခကြောင်းလေ့ ဒေသမှတ်တမ်းများအရ သိရသည်။