
APM၊ စပ်တမ်ဘာ ၁၄ /၂၀၂၃
ရက္ခိုင်ပြည် တကျော့ပြန်တိုက်ပွဲကာလက မြန်မာစစ်တပ် ဖမ်းယူလားခရေ အမ်းမြို့နယ်၊ လုံးကောက်အုပ်စု၊ ညောင်ချောင်း ရွာက ဦးအောင်တင်မြင့် ကို စပ်တမ်ဘာ ၁၃ ရက်နိမာ အမ်းမြို့နယ်တရားရုံးက မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁)နန့်ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တေလို့ သိရပါရေ။
ဦးအောင်တင်မြင့် (၄၅ နှစ်) စွာ ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ တကျော့ပြန်တိုက်ပွဲကာလ ကုန်ခရေ ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာ ၁၄ ရက်နိက အမ်းမြို့ထက်သို့ ဈီးဝယ်လားခါ မြန်မာစစ်တပ် ဖမ်းဆီးစွာကို ခံခရစွာပါ။
ယင်းနောက် အမ်းအခြီစိုက် မြန်မာစစ်တပ်တခုက ဗိုလ်ကြီး ရာဇာထွန်း ဆိုသူ တရားလိုလုပ်ပျာ ပုဒ်မ ၁၇(၁) နန့်တရားစွဲ ခပြီးကေ ၁ နှစ်နီးပါးအကြာ တရားရင်ဆိုင်ခရပနာ အဂုပိုင် အမိန့်ချမှတ်ခံရစွာဖြစ်ပါရေ။
စစ်ကောင်စီစွာ ဒေရက်ပိုင်းအတွင်းမာ ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလအတွင်းက ဖမ်းဆီးခံခရရေလူတိကို ထောင်ဒဏ်ချမှတ်စွာတိ ဆက်တိုက်လုပ်ဆောင်လာနီပါရေ။
စပ်တမ်ဘာ ၁၁ ရက်နိကလည်း တကျော့ပြန်တိုက်ပွဲကာလက အဖမ်းခံခရရေ စစ်တွေမြို့၊ဆတ်ရိုးကျရပ်ကွက်က ဦးဘသိန်း နန့်သက္ကေပြင်ရွာက ဦးဆော်လိမ်(ခ)မောင်မောင်ခင်ရို့ကို မြန်မာပြည်ဆူပူလှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်ပ ၅၀၅(က) ထောင်ဒဏ် ၂ နှစ်ချမှတ်ခပါသိမ့်ရေ။
ယင်းပိုင် ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလက မတရားဖမ်းဖမ်းဆီးတရားစွဲခံထားရေလူတိကို စစ်ကောင်စီက ထောင်ဒဏ်ချ မှတ်နီရေကိစ္စတိနန့် ပတ်သက်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA ပြန်ကြားရီး တာဝန်ခံ ဦးခိုင်သုခက စစ်ကောင်စီစွာ ရက္ခိုင်ပြည်တွင်း ယာယီအပစ်ရပ်ရီးအတွက် မူလက နှစ်ဖက်သဘောတူထားခရေ အချက်တချို့ကို ချိုးဖောက်လာနီပြီးကေ ယင်းလုပ်ရပ်တိကြောင့် နောက်ဆုံးမှာ စစ်ရီးပဋိပက္ခသို့ ဦးတည်လားနိုင်ရေလို့ သတိပီးပြောကြားထားပါရေ။
