
APM ၊ စပ်တမ်ဘာ ၁၄ /၂၀၂၃
မြောက်ဦးမြို့နယ်က ရွာချင်းဆက်လမ်းမကြီးတချို့ပျက်စီးနီလို့ လက်ဟိမာ ဒေသခံတိ ခရီးလားလာရီး အခက်ကြုံနီ ကတ်တေလို့ သိရပါရေ။
ပျက်စီးနီရေ လမ်းတိမာ ကင်းဆိပ်-ကလကလမ်း၊ တောင်ဦး-ကျောက်ဆည်ပြင်လမ်း၊ သျှင်ကျော်- ဝက်လှလမ်း၊ ထမ္မရာဇ် -ပုဇွန်ဖေလမ်း၊ တင်းထိမ်ကန်-သပြီကန်လမ်း၊အုတ်ဖိုကန်- ကင်းချောင်းလမ်းရို့ဖြစ်ပါရေ။
အဆိုပါလမ်းတိမှာ ကျောက်ကြမ်းနန့်ပြုလုပ်ထားခြင်းဖြစ်လို့ မိုးရီတိတင်ခြင်းကြောင့် လမ်းစွာ တစတစ ပျက်စီးလာရာ လက်ဟိမာ လားလာလို့ လုံဝ အဆင်မပြေဖြစ်လာကြောင်း ဒေသခံတိက ပြောပါရေ။
ယင်းလမ်းတိစွာ ဒေသခံတိ အဓိက အသုံးပြုရာ လမ်းတိဖြစ်ပြီးကေ အဂုပိုင်ပျက်စီးနီခြင်းကြောင့် လူမှုစီးပွား များစွာ ထိခိုက်နီကတ်ရရေလို့ဆိုပါရေ။
ယင်းအပြင် ယင်လမ်းများတလျှောက် ဗြီးဆွဲနီကတ်သည့် ကားသမားများနန့် ဆိုင်ကယ်ကယ်ရီဆွဲလူတိလည်း လမ်းပျက်စီး နီလို့ ရပ်နားထားရပနာ အလုပ်အကိုင်မဟိဘဲ စားဝတ်နီရီးအခက်ကြုံနီကတ်ရရေလို့သိရပါရေ။
