(ဩဂတ်စ် ၇ ရက်နိမှ ဩဂတ်စ် ၁၃ ရက်နိ အထိ)
၁။ ၇ – ၈ – ၂၀၂၃(အင်္ဂါ)
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ဦးဆောင်သည့် အာရက္ခပြည်သူ့အစိုးရသည် Mocha ဆိုင်ကလုန်း မုန်တိုင်း မတိုင်ခင်ကာလကပင် မုန်တိုင်းတိုက်ပြီး ဒေနိကာလများအထိ ရက္ခိုင်ပြည်ကျေးရွာများဟိ အာရက္ခပြည်သူများ အား ကျန်းမာရီးပြုစုစောင့်ယှောက်မှု၊ ဆီးကုသမှုများကို တစိုက်မတ်မတ် ကူညီဆောင်ရွက်ပီးလျက်ဟိသည်။
၂။ ၈ – ၈ – ၂၀၂၃(ဗုဒ္ဓဟူး)
(၁) မိုးအဆက်မပြတ်ရွာသွန်းနီကာ မြစ်၊ချောင်းရီမြင့်တက်လာမှုကြောင့် ရက္ခိုင်ပြည်မြို့နယ်အများစု၌ ရီကြီးမှုများဖြစ်ပေါ် နီပြီး စာသင်ကျောင်းပေါင်းရာချီ ယာယီပိတ်ထားရသည်။
(၂) ရီကြီးမှုကြောင့် ကားလမ်းပိုင်းအများစုတွင် ရီနစ်မြုပ်နီရာ စစ်တွေ-ကျောက်တော် – မြောက်ဦး – မင်းပြား၊ မြေပုံ – အမ်း – တောင်ကုတ်- သံတွဲ စသည့်မြို့များသို့ ဗြီးဆွဲနီသည့် ခရီးသည်တင်ကားများကို ဩဂတ်စ် ၇ ရက်နိမှစ၍ ရပ်ထားရသည်။
၃။ ၉ – ၈ -၂၀၂၃ (ကြာသပတီး)
(၁) လေးမြို့မြစ်ရီမြင့်တက်လာမှုနန့်အတူ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းပြားတမြို့လုံးတွင် ရီနစ်မြုပ်နီသည်။
(၂) အင်အားပြင်း Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် စာသင်ကျောင်းအများအပြားပျက်စီးခရသည့် ရက္ခိုင်တွင် လက်ဟိ အချိန်ထိစာသင်ကျောင်း ၂၀၀ ကျော် အပြီးသတ်မပြုပျင်နိုင်သိမ့်ကြောင်း စစ်ကောင်စီ၏ ရခိုင်ပြည်ပညာရီးဌာနကဆိုသည်။
၄။ ၁၀ – ၈ – ၂၀၂၃(သောကြာ)
(၁) မိုးအဆက်မပြတ်ရွာသွန်းမှုနန့်အတူ မြစ်၊ ချောင်းရီမြင့်တက်လာမှုကြောင့် ရီလွှမ်းမိုးမှုခံခရသည့် မင်းပြားမြို့နယ်၊ မင်းဖူးရွာမှ အာရက္ခပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က စားနပ်ရိက္ခာများ ထောက်ပံ့ပီးခကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့်အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချ ထားရီးကော်မတီ Cyclone Mocha ERRCA က ဩဂတ်စ် ၁၀ ရက်နိတွင် ထုတ်ပြန်သည်။
(၂) ရီကြီးမှုဒဏ်အဆိုးဝါးဆုံးခံခရသည့် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဖီးယှောင်စခန်းမှ နီအိမ် ၁၄၂ ဆောင်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဖီးယှောင်စခန်းမှ ၂၀၀ လောက်နန့် မြတန်ဆောင်းစစ်ဖီးယှောင်စခန်းမှ နီအိမ် ၃၂ ဆောင် ပျက်စီးခသည်။
၅။ ၁၁ – ၈ -၂၀၂၃ (စနီ)
မိုးပြင်းထန်စွာရွာသွန်းမှုနန့်အတူ မြစ်/ချောင်းရီမြင့်တက်မှုကြောင့် သောက်သုံးရီကန်များပျက်စီးခရသည့် မင်းပြားမြို့နယ်မှ ရီကန် ၅၀ ၊မြောက်ဦးမြို့နယ်မှ ရီကန်၂၀ ၊ ကျောက်တော်မြို့နယ်ကရီကန် ၂၂ ကန်နန့် ဘူးသီးတောင်၊ မောင်တောမြို့နယ်ရို့မှ ရီကန်တချို့ အပါအဝင် သောက်သုံးရီကန်ပေါင်းရာချီ၍ မြစ်ချောင်းရီဝင်ကာပျက်စီးခရပြီးလက်ဟိအချိန်အထိ သောက်သုံးရီအခက်ကြုံနီရသည်။