APM ၊ ဩဂတ်စ် ၁၄ / ၂၀၂၃
ဒေနိ (ဩဂတ်စ်၁၄ရက်နိ)၊ မိုးထပိုင်းကစ၍ ဂျပန်နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းတလျှောက်ကို Lan တိုင်ဖွန်း မုန်တိုင်း ဝင်ရောက်တိုက်ခတ်နီရာ မိုးသည်းထန်စွာရွာသွန်းခြင်းနန့် လှိုင်းကြီးခြင်းများဖြစ်ပေါ်နီပြီး ရီကြီးမြီပြိုမှုများဖြစ်လာ နိုင်ကြောင်း အာဏာပိုင်များက သတိပီးချက် ထုတ်ပြန်ထားသည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် ဩဂတ်စ် ၁၅ ရက်နိတွင် ဟွန်ချူးကျွန်းကို ဝင်ရောက်တိုက်ခတ်မည်ဖြစ်ပြီး မုန်တိုင်း လမ်းကြောင်းတလျှောက် ၂၄ နာရီအတွင်း ၄၀ စင်တီမီတာအထိ မိုးရွာသွန်းမည်ဟု ဂျပန်မိုးလီဝသအေဂျင်စီက ခန့်မှန်းထားသည်။
မုန်တိုင်းကြောင့် တချို့မြို့များတွင် တနာရီကို လီတိုက်နှုန်း ၁၆၂ ကီလိုမီတာ တိုက်ခတ်နီ၍ နက်ဖြန် (ဩဂတ်စ် ၁၅ ရက်နိ)၌ ဟွန်ချူးသို့ ဝင်ရောက်ရာတွင် တနာရီကို လီတိုက်နှုန်း ၁၈၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်သည်ဟု ဆိုသည်။
အဆိုပါတိုင်ဖွန်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ မရောက်ခင် တိုကျိုမြို့အနောက်ဖက် ကီလိုမီတာ ၆၀၀ လောက်အကွာဟိ ပင်နဆူလာကျွန်းဆွယ်တောင်ဖက်ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။
တိုက်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကမ်းခြီအပန်းဖြေစခန်းများကို ပိတ်ပင်ထားခပြီး ဂျပန်လီကြောင်းလိုင်း၏ လီယာဉ် ခရီးစဉ် ၂၄၀ နန့် ဟွန်ချူးကျွန်းဟိ အိုဆာကာနန့် နာဂိုယာမြို့ရို့၏ ကျည်ဆန်ရထားဗြီးဆွဲမှုများကို ရပ်နားထားခကြောင်း သိဟိရသည်။
Source – Typhoon Lan bears down on Japan’s main island
Photo – The Asahi Shimbun