APM၊ သြဂတ်စ် ၁၄ /၂၀၂၃
မြန်မာစစ်တပ်က ဖမ်းဆီးလားပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နန့် တရားစွဲခံထားရသည့် ကျောက်ဖြူက အုပ်ချုပ်ရီးမှူးတယောက်အမှုတွင် ရုံးချိန်းအကြိမ်ကြိမ်အရွှိခံနီရကြောင်း သိရသည်။
ပုဒ်မ ၁၇/၁ နန့် တရားစွဲခံထားရလူ အုပ်ချုပ်ရီးမှူးမှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးဝင်းမောင် (၅၈နှစ်) ဖြစ်သည်။
အမှုကို ဩဂတ်စ် ၁၁ ရက်နိတွင် ကျောက်ဖြူမြို့နယ်တရားရုံး၌ (၂၉ ) ကြိမ် မြောက်ရုံးထုတ်ခကေလေ့ တရားလို မရောက်လာ၍ ကျောက်ဖြူမြို့နယ်တရားသူကြီး ဦးဇေယျာဖြိုးက တစုံတရာစစ်ဆီးခြင်း မလုပ်ခဘဲ ရုံးချိန်းရွှိလိုက်သည်။
ဦးဝင်းမောင်ကိုရုံးထုတ်လာသည့် ရုံးချိန်း (၂၉) ကြိမ်အတွင်း မြန်မာစစ်တပ်ဖက်က တရားလို (၁) ကြိမ်တည်းရာ ရောက်ခပြီး၊ ယင်းတရားလိုရောက်သည့်ရုံးချိန်းတွင်လေ့ တစုံတရာမိန်းမြန်းမှု ပြုလုပ်ခခြင်းမဟိကြောင်းသိရသည်။
ယင်းသို့ ရုံးချိန်အကြိမ်ကြိမ်ရွှိဆိုင်းခံနီရ၍စွပ်စွဲခံရလူနန့်မိသားစုဝင်များမှာ ရုံးချိန်းလားလာရသည့်စရိတ်စခများအပါအဝင် အဖက်ဖက်က နစ်နာမှုများဟိနီသည်ဟုဆိုသည်၊၊
ဦးဝင်းမောင်ကို ကုန်ခသည့် ၂၀၂၂ ခုနှစ် နိုဗမ်ဘာ ၂၂ ရက်နိညည့်အချိန်တွင် ကျောက်ဖြူအခြီစိုက်မြန်မာစစ်တပ် ခလရ (၃၄)မှ တပ်ဖွဲ့ဝင်များက အရပ်အဝတ်ဝတ်ကာ နီအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းယူလားခသည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟုဆိုကာ ပုဒ်ပ ၁၇/၁ နန့် ကျောက်ဖြူမြို့နယ်တရားရုံးတွင် အမှုဖွင့် တရားစွဲထားခသည်။
ဦးဝင်းမောင်အပါအဝင် ကျောက်ဖြူတွင် AA နန့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မ ၁၇ (၁)(၂) နန့် တရားစွဲခံထားရသူ အများအပြားဟိနီပြီး တခြားလူများရုံးချိန်းတွင်လေ့ မြို့နယ်တရားသူကြီး ဦးဇေယျာဖြိုးက တစုံတရာ စစ်ဆီးမိန်း မြန်းခြင်းမဟိဘဲ ရုံးချိန်းရာ အကြိမ်ကြိမ် ရွှိနီကြောင်း သိဟိရသည်။