
APM၊ ဩဂတ်စ် ၁၄ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းလားခပြီးနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံထားရသည့် မင်းပြားမှ အပျော် တမ်းဓာတ်ပုံဆရာဦးစောမိုးကျော် အပါအဝင် ကျောက်တော်က ၇ ယောက်အမှု ဒေနိ(ဩဂတ်စ် ၁၄ ရက်နိ)တွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူက လိုပြသက်သီမရောက်ဟု အကြောင်းပြကာ မစစ်ခဘဲ လာမည့် ဩဂတ်စ် ၂၈ ရက်နိသို့ ရုံးချိန်း ထပ်ရွှိ လိုက်ကြောင်း သိရသည်။
ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရလူများမှာ မင်းပြားမြို့မှ အပျော်တမ်းဓာတ်ပုံဆရာ ဦးစောမိုးကျော်၊ ကျောက်တော်မြို့နယ်၊ ဝပြန် ရွာမှ ကိုမောင်သန်းဌေး၊ ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာမှ ဦးသန်းစိုး၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်မှ ကိုမောင်ချေ(ခ)မောင်မျိုးကို၊ မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ ကိုကျော်မောင်လင်း ရို့ ဖြစ်သည်။
အမှုကို ဒေနိမိုးထ ၁၁ နာရီခန့်တွင် ရုံးထုတ်ခကေလေ့ မြန်မာစစ်တပ်ဖက်မှ တရားလို မရောက်ဟုဆိုကာ မြို့နယ် တရားသူ ကြီး ဦးအောင်ကျော်သူက မစစ်ဆီးခဘဲ လာမည့် ဩဂတ်စ် ၂၈ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်။
သူရို့ ၇ ယောက်သည် ပြီးခသည့် ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလအတွင်းက ကျောက်တော်အခြီစိုက် မြန်မာစစ်တပ် စကခ(၉)နန့် ခမရ (၅၃၉) စစ်ဆီးရီးဂိတ်များတွင် အသီးသီအဖမ်းခံခရလာများဖြစ်သည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ ကုန်ခသည့် ၂၀၂၂ခုနှစ် ဒီဇမ်ဘာလက မြန်မာစစ်တပ်ဖက်မှ ရဲစခန်းသို့လွှဲပြောင်းလျက် ပုဒ်မ၁၇(၁) ဖြင့် အမှုဖွင့်တရားစွဲဆို ထားခြင်းဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၇ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိဟိရပါသည်။
