APM ၊ ဩဂတ်စ် ၁၄ / ၂၀၂၃
ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်ထဲတွင် ယာယီခိုလှုံရီးစခန်းမှ တရားမဝင်မြန်မာဒုက္ခသည်များကို မှောင်ခိုကူး သည့် စွပ်စွဲချက်နန့် ထိုင်းနိုင်ငံသား ၃ ယောက်ကို အာဏာပိုင်များက ဖမ်းဆီးထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြ သည်။
အဆိုပါ ထိုင်းနိုင်ငံ ၃ ယောက်မှာ မယ်ဟောင်ဆောင်ခရိုင်ဟိ မြန်မာဒုက္ခသည်စခန်းမှ မြန်မာပြည်သား အချေသူငယ် ၅ ယောက် နန့် အရွယ်ရောက်သူ ၅ ယောက်ရို့ကို မှောင်ခိုကူးရန်ကြိုးပမ်းခသည့် ဩဂတ်စ် ၁၀ ရက်နိတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခခြင်းဖြစ်သည်ဟု ဆိုသည်။
မှောင်ခိုကူးသည့်စွပ်စွဲချက်နန့် ဖမ်းဆီးခရလူများမှာ အသက် ၂၁ နှစ်အရွယ် ဆိန်းဝမ်၊ ၃၈ နှစ်အရွယ် အနိုင်နန့် အသက် ၅၄ နှစ် အရွယ် အန်နာရတ်စသည့် ထိုင်းနိုင်ငံသားများဖြစ်ပြီး လူကုန်ကူးရာတွင် အသုံးပြုသည့် ကားနှစ်စီး၏ ယာဉ်မောင်းများ နန့် လိုက်ပါဆောင်ရွက်သူအားလုံးမှာ ထိုင်းနိုင်ငံသားများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
အဆိုပါထိုင်းနိုင်ငံသားများနန့် မြန်မာဒုက္ခသည်များကို မဲခီကျေးရွာအနား အဝီးဗြီးလမ်းမကြီးဟိ ၁၃၃၇ စစ်ဆီးရီးဂိတ်တွင် ချင်းမိုင် လိုင်စင်နံပါတ်ပြားပါသည့် ပစ်ကပ်ထရပ်ကား ၂ စီးနန့် ဖမ်းဆီးမိခခြင်းဖြစ်ကြောင်း သိဟိရသည်။
Source – Police arrest Thais for alleged smuggling of Burmese refugees
Photo – Thaiger