
APM ၊ ဩဂတ်စ် ၁၄ / ၂၀၂၃
ရက္ခိုင်ပြည်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှု၊ မြစ်ရီကြီးမှုနန့်ပတ်သက်၍ အရေးပေါ်အကူအညီများ ချက်ချင်းလိုအပ်လျက်ဟိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဒေနိ(ဩဂတ်စ် ၁၄ ရက်နိ) တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ “၂၀၂၃ ခုနှစ်၊ဂျူလိုင် ၃၁ ရက်နိမှစ၍ မိုးအဆက်မပြတ်ဆက်တိုက်ရွာသွန်းမှုနန်တတူ ရက္ခိုင်ပြည် ၏ထက်ဝက်နီးပါးသောမြို့နယ်များဟိ ကျေးရွာများတွင် မြစ်၊ ချောင်းရီများ မြင့်တက်လာမှုကြောင့် စိုးရိမ်ရသော အဆင့်သို့အထိ ရောက်ဟိလားခပြီး ၂၀၂၃ ခုနှစ်၊ ဩဂတ်စ် ၁၀ ရက်နိမှစတင်၍ ရီဆက်လက်မြင့်တက်မှုမဟိဘဲ တဖြည်းဖြည်းလျော့ကျလာခကာ လက်ဟိမှာ ပုံမှန်အနီအထားသို့ ပြန်လည်ရောက်ဟိလားခပြီးဖြစ်ပါသည်။ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲမြို့နယ်များဟိကျေးရွာအများစုမှာ ရီလွှမ်းမိုးမှုဒဏ်ကို အများဆုံးခံခရပြီး တချို့နီရာများတွင် ၁၀ ပေအထက် မြင့်တက်ခပြီး တချို့နီရာများတွင် ၁၅ ပေလောက်အထိ ရောက်ဟိခကာ ဒေသ၏ စိုးရိမ်ရီမှတ်အထက်၌ ဆက်လက်တည်ဟိနီခပါသည် ဟု ဖော်ပြထားသည်။
လေးမြို့မြစ်အပါအဝင် အခြားသော မြစ်၊ချောင်းရို့တွင် မြစ်ရီ၊ ချောင်းရီမြင့်တက်မှုများကြောင့် ကမ်းပါးများပြိုကျခြင်း၊ လူနီအိမ်၊အဆောက်အအုံ၊ ဆီးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများ ရီမြုပ်ခြင်း၊ ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဆိတ် အစဟိသော တိရစ္ဆာန်များ ရီထဲမျောပါလားခြင်း၊ သီဆုံးခြင်း၊ စိုက်ပျိုးပြီးစ စပါးခင်းများ၊ စပါးပျိုးများ ရီမြုပ်၍ ပျက်စီးလားခြင်း၊ ပုဇွန်ကန်၊ ငါးကန်များ ပျက်စီးဆုံးယှုံးခြင်း၊ တာတမံ၊ ရီတွင်း၊ ရီကန်များ၌ ဆားငန်ရီများထပ်မံဝင်ခြင်း၊ ကာရီ၊ တန်းထားတချို့ ပျက်စီးကာ လမ်းပန်းဆက်သွယ်ရီးပြတ်တောက်ခြင်းနန့် ပြည်သူ ၄ ယောက် ရီမြုပ်သီဆုံးခြင်း စသည့်ဖြစ်ရပ်များ ဆက်တိုက်ဖြစ်လားခကြောင်းလေ့ ထုတ်ပြန်ချက်တွင် ပါဟိသည်။
“ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA အနီနန့် မြစ်၊ ချောင်းရီစတင်မြင့်တက်လာသည့် အချိန်ကပင် အရေးတကြီးနန့် အရေးပေါ်ချက်ချင်း ပြောင်းရွှိပီးရန်လိုအပ်သော နီရာများမှ ပြည်သူများကို ဖီးလွတ်ရာနီရာများသို့ ချက်ချင်းပြောင်းရွှိပီးနိုင်ခပါသည်။ ယင်းသို့ကြိုတင်ကာကွယ်တားဆီးခြင်းအား အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြီပြုအဖွဲ့အစည်းများ၊ ပရဟိတအသင်းအဖွဲ့များနန့် လက်တွဲ၍ ထိရောက်စွာ ပြုလုပ်နိုင်ခသောကြောင့် လူအသီအပျောက် အနည်းဆုံးဖြစ်ခရခြင်းဖြစ်သည်။ တာဝန်သိစိတ်နန့် ပူးပေါင်း ပါဝင်ဆောင်ရွက်သူများအားလုံးကို မိမိရို့အနီနန့်ကျေးဇူးတင်ဟိပါသည် ဟုလေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အလားတူ ရီကြီးခြင်း၏ အကျိုးဆက်များအနီနန့် ကျန်းမာရီးရှုထောင့်အရ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်၊ အဆုတ်ပွရောဂါဖြစ်ခြင်း၊ နှာစီးခြောင်းဆိုး၊ အအီးမိခြင်းရို့ဖြစ်ပွားလာနိုင်ကြောင်း၊ ယင်းအပြင် လျှပ်စစ်ဓါတ်လိုက်ခြင်း၊ မြီပြိုခြင်း၊ မြီကျွံခြင်း၊ သစ်ပင်များလဲကျခြင်း၊ အဆောက်အအုံဟောင်းများပြိုကျခြင်း၊မြွီ၊ ကင်း အစဟိသော အဆိပ်ဟိသတ္တဝါများ ထွက်လာတတ်ခြင်း စသည်ရို့ ဖြစ်လာနိုင်၍ မိဖပြည်သူများအနီနန့် သတိထားလားလာနီ ထိုင်ကြရန်နန့် ဆီးကုသခံယူမှု၊ ကျန်းမာရီးစောင့်ယှောက်မှုများလိုအပ်ပါက နီးစပ်ရာ ULA ဒေသအုပ် ချုပ်ရီး ရုံးများ မှတဆင့် ဆက်သွယ်နိုင်ကြောင်း လေ့ ULA က အသိပီးထားသည်။
ယင်းအပြင် ရက္ခိုင်ဒေသသည် ဆိုင်ကလုန်း Mochaမုန်တိုင်းတိုက်ခတ်မှုဒဏ်ကို မေ ၁၄ ရက်နိက အလူးအလဲခံစားခရပြီး အမိုးအကာအောက်သို့ အယင်ရောက်ဟိရီးကို အဓိကအလေးထား ဆောက်ရွက်နီစဉ်ကာလ၌ အဂုပိုင် သဘာဝဖီး အန္တရာယ်များထဲမှ တခုဖြစ်သော ရီကြီးမှုကိုပါ ထပ်မံကြုံတွိလိုက်ရသောကြောင့် သဘာဝဖီးအန္တရာယ်အား မိုးရာသီအတွင်း နှစ်ကြိမ်ဆက်တိုက်ကြုံရသောဒေသအဖြစ် မှတ်တမ်းဝင်ကာ အာရက္ခဒေသနီပြည်သူလူထုများမှာ အခြီခံစားသောက်ကုန်၊ ဆန်၊ ဆီ၊ ဆား၊ ဆီးဝါး၊ စားနပ်ရိက္ခာ၊သောက်သုံးရီ ရဟိရီးရို့မှာ အရေးပေါ်လိုအပ်လျက်ဟိသော အခြေအနီသို့ ရောက်ဟိ ခရကြောင်းလေ့ ULA က ဆိုသည်။
ယင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကူညီဆောင်ရွက်ပီးနီကတ်သော ကမ္ဘာ့နိုင်ငံကြီး များ၊ အိမ်နီးနားချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ရီဖီး၊ လီဖီးဒဏ်သင့် အာရက္ခပြည်သူ ပြည်သားများအတွက် လတ်တလောအရေးတကြီး လိုအပ်နီသည့် စိုက်ပျိုးရီး၊ မွီးမြူရီး၊ကျန်းမာရီးလုပ်ငန်းများ၊ မျိုးစပါး များ၊ လယ်ယာသုံးနန့် ရီလုပ်ငန်းသုံးပစ္စည်းများ၊ စားနပ်ရိက္ခာ၊ ဆီးဝါးများအပါအဝင် အခြား အရေးပေါ်အကူအညီများကို အယင်ဆုံးကူညီပီးကတ်ပါရန် ULA က ထပ်မံအကူအညီတောင်းခံထားသည်ကို တွိရသည်။


