
APM၊ ဩဂတ်စ် ၁၄ / ၂၀၂၃
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ် ပရာဒတ်ချ်ပြည်နယ်၊ ဆိုလန်ခရိုင်ဟိ ကျေးရွာတရွာတွင် ဩဂတ်စ် ၁၃ ရက်နိက မိုးကြီး၍ မြီပြိုမှုများကြောင့် လူ ၇ ယောက် သီဆုံးခကြောင်း တာဝန်ဟိသူများက ပြောကြားသည်။
ဩဂတ်စ် ၁၃ရက်နိတညည့်လုံး မိုပြင်းပြင်းထန်ထန်ရွာသွန်းမှုကြောင့် ရီကြီးမြီပြိုမှုများဖြစ်ခရာ ဆိုလန်ခရိုင်ဟိ ဂျဒုံကျေးရွာ တွင် လူ ၇ ယောက် သီဆုံးခကာ လူ ၆ယောက်ကို ကယ်ဆယ်နိုင်ခကြောင်း ခရိုင်ကော်မသျှင်နာ မန်မိုဟန်ချာမာက ဆိုသည်။
မိုးကြိုးမုန်တိုင်းများနန့်ဆက်စပ်သည့် မိုးတိမ်တောင်များဖြစ်ပေါ်မှုကြောင့် ဟီမာချယ် ပရာဒတ်ချ်ပြည်နယ်နန့် အက်ထရခန် ပြည် နယ်ရို့တွင် ဩဂတ်စ် ၁၃ ရက်နိကစ၍ မိုးကြီရီကြီးမှုများဖြစ်ခရာ မြီပြိုခြင်းနန့် လမ်းတန်းထားများ မျောပါပျက်စီးခ သည်။
လက်ဟိအချိန်အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟီမာချယ် ပရာဒတ်ချ် ပြည်နယ်အတွင်းဟိ စာသင်ကျောင်းများနန့် ကောလိပ်များ အားလုံးကို ပိတ်ထားကြောင်း ဝန်ကြီးချုပ် ဆုခ်ဘင်ဒါဆင်းဂ်ဆူခူက ပြောကြားသည်။
မိုးကြီးရီကြီးမှုကြောင့် လမ်းစုစုပေါင်း ၆၂၁ လမ်း ပိတ်ဆို့နီပြီး မီးရထားဗြီးဆွဲမှုများကို ရပ်နားထားကြောင်း သိရသည်။
အိန္ဒိယမိုးလီဝသဌာနက ဩဂတ်စ် ၁၄ ရက်နိမှ ၁၇ ရက်နိအထိ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနန့် လျှပ်စီး ခြင်းများဖြစ်ပေါ်နိုင်ပြီး ရီကြီးခြင်းနန့် မြီပြိုခြင်းများဖြစ်ပေါ်နိုင်ကြောင်း သတိပီးချက်ထုတ်ပြန်ထားသည်။
ဟီမာချယ်ပရာဒတ်ချ်ပြည်နယ်တွင် ကုန်ခသည့် ဂျူန် ၂၄ ရက်နိက မိုးစတင်ရွာသွန်းချိန်မှစ၍ ရီကြီးမြီပြိုမှုများကြောင့် လူ ၂၅၇ ယောက်သီဆုံးခပြီး ရူပီး ၇၀၂၀ ကုဋေလောက် ပျက်စီးဆုံးယှုံးခကြောင်း အစိုးရ၏ အချက်အလက်များအရ သိဟိရသည်။
Source – Himachal cloudburst kills 7, Beas river swells again; landslides hit Uttarakhand
Photo – PTI
