
APM၊ သြတ်စ် ၁၄ /၂၀၁၃
ဒေနိ(ဩဂတ်စ် ၁၄ ရက်နိ) တွင်ကျရောက်သော ရက္ခိုင်သမိုင်းသုတေသီ ရက္ခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း ကွယ်လွန်ခြင်း (၃၃) နှစ်မြောက် အောက်မိဖွယ်အခမ်းအနားကို စစ်တွေမြို့၌ ကျင်းပပြုလုပ်ခကြောင်း သိရသည်။
အခမ်းအနားကို စစ်တွေမြို့ တရားသီးစုရပ်ကွက်ဟိ ဓညဝတီပညာပါရမီကျောင်းတိုက်တွင် ဒေနိ မိုးထ ၈ နာရီ လောက်ကစတင်ဖွင့်လှစ်ခသည်။
အဆိုပါ အခမ်းအနားကို အစီအစဉ် ၄ ရပ်ဖြင့်ကျင်းပပြုလုပ်ခပြီး စာရွီးဆရာများ၊ သံဃာများ၊ စာပီပညာသျှင်များနန့် မြို့မိမြို့ဖများအပါအဝင် စုစုပေါင်းလူဦးရေ ၂၀ ကျော် လောက်တက်ရောက်ခပြီး ဒေနိ မိုးထ ၁၀ နာရီလောက်တွင် အခမ်းအနားပြီးဆုံးခသည်။
ဆရာကြီးဦးဦးထွန်းမှာ မြောက်ဦးမြို့၊ ညောင်ပင်ဈီးရွာဇာတိဖြစ်ပြီး အဖ ဦးကောင်းစံရွှီန့် အမိဒေါ် အောင်ကြွဇံ ရို့က ၁၉၁၇ ခုနှစ်၊ နိုဗမ်ဘာ ၂၃ ရက်နိတွင် မွီးဖွားသန့်စင်ခသည့် တဦးတည်း သောသား ဖြစ်ပါသည်။
ဆရာကြီးဦးသာထွန်းသည် ရက္ခိုင်ပြည်တွင် ကျောင်းဆရာတာဝန်၊ ရှိဟောင်းသုတေသနဌာနခွဲ၌ ရက္ခိုင်-မြန်မာပဏ္ဍိတ် တာဝန် နန့်အကြံပီးပီးတာဝန်အပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နာယက ကြီးအဖြစ်လေ့ ရက္ခိုင်လူမျိုးအတွက် တာဝန်ကျီပွန်အောင် စွမ်းစွမ်းတမံ ထမ်းဆောင်ခသည်။
ဆရာကြီးသည် ရက္ခိုင့်စာပီ၊ ရက္ခိုင့်ယဉ်ကျေးမှု၊ရက္ခိုင်ဓလိ၊ ရက္ခိုင်ရိုးရာထုံးတမ်းစဉ်လာကိုရွီးသားဖော်ထုတ်ခြင်း၊ ရက္ခိုင်သမိုင်း၊ ရက္ခိုင်အနုပညာများကို စာပီကျမ်းဂန် များပြုစုခြင်း၊ စာမူကြမ်းများ ရွီးသားခြင်း၊ သုတေသနစာတမ်းများ ရွီးသားခြင်း၊ စာအုပ်ထုတ်ဝီခြင်းများ၊ မဂ္ဂဇင်းများတွင်ဆောင်ပါးများရွီးသားခြင်း၊သမိုင်းဆိုင်ရာ တူးဖော်ခြင်းများအပါအဝင် သမိုင်းသုတေသန ဆိုင်ရာတာဝန်များကို ကျီပွန်စွာ လုပ်ဆောင်နိုင်ခသည့် ရက္ခိုင်တမျိုးသားလုံး၏ စံပြ သမိုင်း သုတေသီ တဦးဖြစ်သည်။
ဆရာကြီးသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင် နယကတာဝန်နန့် ကျောက်တော်မြို့အမှတ်(၁) မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရက္ခိုင်ပြည်အနယ်နယ်အရပ်ရပ်သို့ မဲဆွယ်စည်းရုံးရီးဆင်းနီစဉ် မင်းပြားမြို့နယ် ပြား ချောင်းကြီး ရွာမဲဆွယ်ဟောပြောပွဲတွင် နဝတ စစ်အစိုးရ၏ ဖမ်းဆီးခြင်းကိုခံခရသည်။
ယင်းနောက် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခရကာစစ်တွေအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနီယင်းနန့်ပင် ၅ လအကြာ ၁၉၉၀ ခုနှစ် ဩဂတ်စ် ၁၄ ရက်နိတွင် ကွယ်လွန်လားခရသည်။


