APM ၊ ဂျူလိုင် ၁၄ / ၂၀၂၃
မုန်တိုင်းဒဏ်ပြင်းထန်စွာခံခရသည့် ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်းနန့် အနောက်ဖရုံကာကျွန်းမှ ကျေးရွာတချို့ အကူအညီများ အပူတပြင်း လိုအပ်လျက်ဟိကြောင်း သိရသည်။
ပေါက်တောမြို့နယ်၊အနောက်ဖရုံကာကျွန်း ပြိုင်းတောင်၊ ချိုင်ပြင်၊ကုလားတဲ၊ညောင်ပင်ချိုင်(ခမီ)၊ကျူတောချိုင်၊ရီညှင်း ချောင်း၊ စိုးမဲကျီရွာသစ်(ရခိုင်)၊ စိုးမဲကျီရွာဟောင်း (ခမီ)၊ကုလားသိမ်နန့် အလယ်ဖရုံကာကျွန်း နဂါးမြောင်၊ကြာကန်၊ချီဝေ၊မြင်းကပ်၊မြတည်း၊တောတန်း၊စစ်ကဲ့ပြင်အထက်ရွာ၊စစ်ကဲ့ပြင်အလယ်ရွာ၊စစ်ကဲ့ပြင်အောက်ရွာ၊ဆင်တက်မော်ပိုက်ဆိပ်၊ဘော်ဒလီ၊တောင်ဦးမော်၊ကျောက်ပြင်ဆိပ် စသည့်ကျေးရွာများသည် အရေးပေါ်အကူအညီများ အပူတပြင်း လိုအပ် လျက်ဟိသည်။
အဆိုပါကျေးရွာများမှာ မေ ၁၄ ရက်နိက ဝင်ရောက်တိုက် ခတ်ခသည့် Mochaဆိုင်ကလုန်းမုန်တိုင်းကြောင့် တရွာလုံး နီးပါးပျက်စီးခရပြီး ကူညီကယ်ဆယ်ရီးအဖွဲ့များလာရောက်ခြင်းမဟိသောကြောင့် အမိုးအကာ နန့် စားနပ်ရိ က္ခာများ သီီရီးရှင်ရီး အရေးတကြီး အပူတပြင်းလိုအပ်နီကတ်သည်။
ရက္ခိုင်ပြည်၌ Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့်အပျက်စီးများသည့်မြို့နယ်များထဲတွင် ပေါက်တောမြို့နယ်လေ့ ပါဝင်ပြီး အယင်က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က ဆန်နန့် ငွေသားအချို့အား ပေါက်တောမြို့နယ်မှတခြားကျေးရွာများကို ကူညီထောက်ပံ့မှုဟိခကေလေ့ လက်ဟိအချိန်ထိစစ်ကောင်စီက ပိတ်ပင်ထား၍ ထောက် ပံ့ကူညီမှုတစုံတရာမဟိကြောင်း သိဟိရသည်။