
APM၊ ဂျူလိုင် ၁၄/ ၂၀၂၃
ဆူဒန်နိုင်ငံ၊ အနောက်ဒါဖာမြို့၌ ဆူဒန်အရံတပ်(RSF) နန့် ၎င်း၏မဟာမိတ်ပြည်သူ့စစ်များက သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၈၇ လောင်းကို အစုအလိုက်အပြုံလိုက်တူးဖော်တွိဟိခကြောင်း ကုလသမဂ္ဂက ဂျူလိုင် ၁၃ ရက်နိတွင် ထုတ်ပြန်သည်။
ကုလလူ့အခွင့်အရေးရုံး၏ ထုတ်ပြန်ချက်အရ “အနောက် ဒါဖာမြို့ပြင် သင်္ချိုင်းတခုတွင် သုံးပေပတ်လည်ဟိ တွင်း တခုအတွင်း ဆူဒန်အရံတပ် (RSF) နန့် ၎င်း၏မဟာမိတ်အာရပ်ပြည်သူ့စစ်များက သတ်ဖြတ်ထားသည့်အာဖရိက မာဆလစ်မျိုးနွယ်စု လူ ၈၇ ယောက်ကို အစုလိုက်အပြုံ လိုက် မြုပ်နှံထားကြောင်း” ဆိုပါသည်။
ဆူဒန်နိုင်ငံတွင် စစ်တပ်နန့် အရံထောက်ပံ့ရီးတပ်ဖွဲ့ (RSF) ရို့အကြား တိုက်ပွဲများဖြစ်ပွားနီချိန် ဧပြီလလယ်လောက်မှစ၍ လူမျိုးရီးအကြမ်းဖက်မှုများစတင်ဖြစ်ပွားလာခပြီး ယင်းအထဲမှ ဒါဖာဒေသသည် မာဆလစ်မျိုးနွယ်စုနန့် တခြားအာဖရိက မျိုးနွယ် စုများ အကြမ်းဖက်တိုက်ခိုက်ခံရသည့် အဓိကနီရာတခုဖြစ်လာခသည်။
သတ်ဖြတ်ခံရသူများထဲမှ ရုပ်အလောင်း ၃၇လောင်းကို ဂျုန် ၂၀ ရက်နိတွင် ပထမဆုံးအကြိမ် မြှုပ်နှံခပြီး နောက်တရက်တွင် အလောင်း ၅၀ကိုယင်းတနီရာတည်း၌ ထပ်မံ မြှုပ်နှံခကာ သတ်ဖြတ်ခံရသူများထဲတွင် အမျိုး သမီး ၇ ယောက်နန့် အချေ ၇ ယောက်ပါဝင်သည်ဟု ကုလသမဂ္ဂ ၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။
RSF နန့် အာရပ်ပြည်သူ့စစ်များသည် ရုပ်အလောင်းများမြီမြှုပ်သင်္ဂြိုလ်ရန် ဒေသခံပြည်သူများအား အတင်း အကြပ်ခိုင်းစီခ ကြောင်းလေ့ ကုလသမဂ္ဂက ဆိုပါသည်။
ပြီးခသည့် ဂျူန် ၁၄ရက်နိတွင် အနောက်ဒါဖာအုပ်ချုပ်ရီးမှူးကို RSF မှ ဖမ်းဆီးသတ်ဖြတ်လိုက်ပြီးနောက် ဂျုန် ၂၁ ရက် နိအထိ အယ်လ်ဂျီနီနာမြို့မှ အယ်လ်မတ်ဒရတ်စ်နန့် အယ်လ်ဂျမာရတ်ဒေသများ၌ အကြမ်းဖက်သတ်ဖြတ်မှုများကို ကျူးလွန် ခခြင်းဖြစ်သည်ဟု သိရသည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာမဟာမင်ကြီး ဗော်ကာတာ့ခ်က “RSF အဖွဲ့အနီနန့် အဆိုပါ လုပ်ရပ်အတွက် တာဝန်ခံ ရန် လွတ်လပ်သည့် စုံစမ်းစစ်ဆီးရီးအဖွဲ့ကို ဖွဲ့ စည်း လားမည်ဖြစ်ကြောင်း” ပြောကြားသည်။
ယင်းအပြင် ဆူဒန်ပြည်တွင်းစစ်အတွင်း လက်နက်ကိုင်အဖွဲ့အားလုံးသည် လူမျိုးစုများအပေါ်အခြီခံ၍ အကြမ်းဖက်မှု ပြု လုပ်နီခြင်းများကို အဆုံးသတ်ရန်၊ လူသားဂုဏ် သိက္ခာကိုကာကွယ်ကတ်ရန်နန့် အပြည်ပြည်ဆိုင်ရာ လူ သားချင်း စာနာ ထောက်ထားမှုဆိုင် ရာနန့် လူ့အခွင့်အရေးဥပဒေအရ ထိခိုက်ဒဏ်ရာရသူများအား ဆီးကုသခွင့်ပီးရန် ဗော်ကာတာ့ခ်က တောင်းဆိုထားသည်။
Source – Sudan: UN rights chief calls for probe after 87 bodies found in mass grave/ UN
Photo – UN
