
APM၊ ဂျူလိုင် ၁၄/ ၂၀၂၃
စီးရီးအေကလပ်၊ အေစီမီလန်အသင်းသည် ချဲလ်ဆီးအ သင်းမှ အမေရိကန် တိုက်စစ်မှူး ခရစ်စတီယာနို ပူလီဆစ်ကို ပြောင်းရွှိ ကြေး ယူရို ၂၂ သန်းဖြင့် ၄ နှစ်စာချုပ်ချုပ်ဆိုကာ အပြီးသတ်ခေါ်ယူလိုက်ပြီး နောက်ထပ် ၁ နှစ် စာ ချုပ် ထပ်တိုး ခွင့်ဟိကြောင်း အသင်းဖက်မှ ဂျူလိုင် ၁၃ ရက်နိတွင် ကြေညာသည်။
“အသင်းနန့်တရားဝင် စာချုပ်ချုပ်ခွင့်ရလို့ ဝမ်းသာမိပါရေ။ ဒေဂုပိုင် သမိုင်းဝင်ကလပ်အသင်းနန့်တတူ လက်တွဲပနာ ရှိဆက် ရဖို့ဖြစ်လို့လေ့ စိတ်လှုပ်ယှားမိပါရေ” ဟု ပူလီဆစ်က ဆိုသည်။
ယင်းအပြင် ပူလီဆစ်က “ကုန်ခရေ နှစ်တိက ချဲလ်ဆီးအ သင်းမှာ ခက်ခက်ခဲခဲနန့်ကဇတ်ခရပါရေ။ ဇာပင်ဖြစ်ဖြစ် အယင်က ကလပ်မှာ လိုချင်ရေအခွင့်အရေးကို မရခကေလေ့ အဂု ကျနော်လိုချင်သလောက် အမြင့်ဆုံးအဆင့်ကို ရောက်အောင် ကြိုးစားလားပါဖို့” ဟု သတင်းစာယှင်းလင်းပွဲတွင် ပြောကြားခသည်။
အသက်၂၄နှစ်အရွယ်ပူလီဆစ်သည် အေစီမီလန်အသင်း ၌ ကျောနံပါတ် (၁၁) ကို ဝတ်ဆင်မည်ဟု သိရ သည်။
ပူလီဆစ်သည် ၂၀၁၈ ခုနှစ်တွင် ဒေါ့မွန်အသင်းမှ ချဲလ်ဆီးအသင်းသို့ရောက်ဟိလာပြီး အသင်းတွင် လေးရာသီကြာ ကဇတ်ခရာ ပြိုင်ပွဲစုံ ၁၄၅ ပွဲတွင် ၂၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၁ ကြိမ်ပြုလုပ်ခပြီး၊ ၂၀၂၁ ခုနှစ်တွင် ချဲလ်ဆီးအသင်းနန့် တတူ UEFA စူပါဖလား၊ FIFA ကလပ်ကမ္ဘာ့ဖလား များကို ဆွတ်ခူးနိုင်ခသည်။
Source – U.S. forward Pulisic joins Milan from Chelsea on four-year deal
Photo – SBI Soccer
