
APM၊ ဂျူလိုင် ၁၄ /၂၀၂၃
Mocah ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိလိုက်ပျက်စီးမှုများဖြစ်ပေါ်ခသည့် ရက္ခိုင်မြို့နယ် (၁၇) မြို့နယ်အား သဘာဝဖီး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု နည်းဥပဒေပုဒ်မ (၂၆) အရ သဘာဝဖီးအန္တရာယ် ကျရောက်သည့် ဒေသများအဖြစ် ဒုတိယ အကြိမ် သတ်မှတ်ကြောင်း စစ်ကောင်စီက ဒေနိ(ဂျူလိုင် ၁၄ ရက်နိ)တွင် ထပ်မံကြေညာသည်။
ကြေညာချက်အရ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင် မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်နန့် မြေပုံမြို့နယ်များကို ပုံမှန်အနီးအထားသို့ အပြည့်အဝ ပြန်ရောက်လာရန် ပြန်လည်ထူထောင်ရီးလုပ်ငန်းများ ဆောင်ရွက်လျက်ဟိသည့် အချိန်ကာလဖြစ်၍ သဘာဝဖီးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု နည်းဥပဒေပုဒ်မ (၂၆) အရ ဂျူလိုင် ၁၅ ရက်မှ စပ်တမ်ဘာ ၁၄ ရက်အထိ သဘာဝဖီးအန္တရာယ် ကျရောက်သည့် ဒေသများအဖြစ် ဒုတိယအကြိမ် ထပ်မံကြေညာလိုက်သည် ဟုဆိုသည်။
ဒေနိထုတ်ပြန်သည့် ကြေညာချက်ကို စစ်ကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ထိုးထုတ်ပြန်ခခြင်းဖြစ်ပြီး အယင် မေ ၁၅ ရက်နိကလေ့ အဆိုပါမြို့နယ်များအား သဘာဝဖီးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၁၁) အရ သဘာဝဖီး အန္တရာယ်ကျရောက် သောဒေသများအဖြစ် ပထမအကြိမ် ထုတ်ပြန်ကြေညာခသိမ့်သည်။
