
APM၊ ဂျူလိုင် ၁၄ / ၂၀၂၃
ဒေနိ(ဂျူလိုင် ၁၄ ရက်နိ)သည် Mocha ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခသော နှစ်လပြည့်နိဖြစ်ပြီး ယင်းနှစ်လ တာကာလအတွင်း ပျက်စီးဆုံးယှုံးမှုများအား လုံး၏ ၇၅ ရာခိုင်နှုန်းမှာ အမိုးအကာအောက်သို့ ရောက်ဟိပြီးဖြစ် ကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချထားရီးကော်မတီ Cyclone Mocha ERRCA က ဒေနိမှာ ထုတ် ပြန်ပါသည်။
ထုတ်ပြန်ချက်၌ ဒေနိသည် Mocha ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခသော နှစ်လပြည့်နိဖြစ်သည်။၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နိတွင် ရက္ခိုင်ပြည်၏ မြို့အများစုကို ဗဟိုပြုတိုက်ခတ်ခသော Mocha ဆိုင်ကလုန်းမုန်တိုင်းနောက်ဆက်တွဲများနန့် အရေးပေါ်ကူညီကယ်ဆယ်ရီး၊ အရေးပေါ်ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်း ဆောင်တာများကိုဆောင်ရွက်ရန် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်မှ အရေးပေါ်ဖွဲ့စည်းလိုက်သည့် Cyclone Mocha ERRCA ကော်မတီအနီနန့် မိမိရို့ အဖွဲ့အစည်းတွင် ဟိသော နိုင်ငံရီး၊ အုပ်ချုပ်ရီး၊ အရပ်ဖက်၊ စစ်ဖက်ဆိုင်ရာဌာနများမှ လူ့အရင်းအမြစ်၊ ငွေကြေးများနန့်အတူ ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ပြည်သူလူထုများအတွက် လူသားချင်းစာနာထောက်ထားသောစိတ်ဓာတ်ဖြင့် ပြည်တွင်း၊ ပြည်ပမှ ထည့် ဝင်လှူဒါန်းကတ်သော အလှူငွေကြေးများနန့် စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်နိုင်ခပါသည်။ ယင်းကြောင့် ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပြီး နှစ်လတာကာလအတွင်း အမိုးအကာအောက်သို့ ရောက်ဟိလားသည့် ပမာဏမှာ ပျက်စီးဆုံးယှုံးမှု အားလုံး၏ (၇၅) ရာခိုင်နှုန်းအထက်အထိဟိခပြီးဖြစ်သည်ဟု ဖော်ပြထားသည်။
အမိုးအကာအောက်သို့ မရောက်သိမ့်သောသူများအားလုံး အယင်ဆုံးရောက်ဟိနိုင်ရန်အတွက်ကိုလေ့ မရပ်မနား ဆက်လက် ကြိုးစားဆောင်ရွက်လျက်ဟိကြောင်း၊ ကူညီကယ်ဆယ်ရီးနန့် ပြန်လည်ထူထောင်ရီးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် အထောက်အကူပြုစီရန်အတွက် ဆိုင်ကလုန်း Mocha နန့် ပတ်သက်သော ပျက်စီးဆုံးယှုံးမှုပမာဏ အချက်အလက်မှန်များ အယင်ဆုံးရဟိအောင် ကောက်ခံခြင်း၊ အရေးပေါ်လိုအပ်လျက်ဟိသော မုန်တိုင်းဒဏ်သင့် ပြည်သူများ၏စားဝတ်နီရီးများကို ချက်ချင်းဆောင်ရွက်ခြင်း၊ ကျန်းမာရီးစောင့်ယှောက်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း၊ မိုးစပါး၊ သီးနှံများ အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရီး၊လမ်းပန်းဆက်သွယ်ရီး အဆင်ပြချောမွိစီရီးလုပ်ငန်းများကို ဆောင်ရွက်ခြင်းအပါအဝင် ကော်မတီမှ လုပ်ဆောင်၍ရသည့်အရာများကို အကောင်းဆုံးဆောင်ရွက်လျက်ဟိကြောင်းလေ့ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူ ပြည်သားများအပေါ် စိတ်အား၊ လူအား၊ ငွေအားဖြင့် ကူညီပီးကတ်သောသူများအားလုံးကို Cyclone Mocha ERRCA ကော်မတီမှ လေးလေးနက်နက်မှတ်တမ်းတင် ဂုဏ်ပြုအပ် ပါသည်။ တပြိုင်နက်တည်းတွင် အရေးပေါ်လိုအပ်လျက်ဟိသော အကူအညီများနန့် အတူ ပြန်လည်ထူထောင်ရီးလုပ်ငန်း များမှာ များစွာဆက်လက်ဟိနီသိမ့်၍ မိဘပြည်သူများမှ လူသားချင်းစာနာထောက်ထားသော အကူအညီများကို တတ်နိုင် သည့်ဖက်မှ ကူညီပီးကတ်ပါရန်ကိုလေ့ ထပ်မံအကူအညီတောင်းခံအပ်ပါသည် ဟုလေ့ Cyclone Mocha ERRCA က ဆိုသည်။
ယင်းအပြင် စီးပွားရီးငန်းသျှင်များ၊ ဆောက်လုပ်ရီးလုပ်ငန်းသုံးပစ္စည်းများ၊ ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကား ကတ် သော သူများအနီဖြင့် အိမ်ဆောက်ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား အစဟိသောအခြီခံစားသုံးကုန်ပစ္စည်း၊ ဆီးဝါးများကို ဈီးနှုန်း အဆမတန်မြှင့်ကာ ရောင်းချခြင်းများကို မပြုလုပ်ကတ်ပါရန်နန့် သင့်တင့်သောဈီးနှုန်းများဖြင့် ရောင်းချကြပါရန်ကို ကိုလေ့ Cyclone Mocha ERRCA ကော်မတီ၏ ဒေနိထုတ်ပြန်ချက်၌ အထူးတိုက်တွန်းထားဖော်ပြထားသည်။
