APM ၊ဂျုန် ၁၄ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA ဆက်စပ်သည်ဟုဆိုကာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသည့် ရသေ့တောင်ဒေသခံတယောက် ဂျုန် ၁၃ ရက်နိက လွတ်ရက်စိ ၍ ပြန်လွတ်လာကြောင်း သိရသည်။
ပြန်လွတ်လာသူမှာ ရသေ့တောင်မြို့နယ်၊ ခမောင်းတုန်းရွာမှ ဦးမောင်ဘု (၃၉နှစ်) ဖြစ်သည်။
ဦးမောင်ဘုကို ကုန်ခသည့် ၂၀၂၀ ပြည့်နှစ်၊ ဩဂစ်လ် ၁၁ ရက်နိတွင် ဦး ဦးသာဇံဆိုသူနန့်အတူ စစ်တွေမြို့မှ မိမိကျေးရွာသို့ သုံးဘီးဖြင့် အပြန်၌ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆီးရီးဂိတ်တွင် မြန်မာစ်တပ်တပ်ဖွဲ့ဝင်များက ဖမ်းဆီးခသည်။
ယင်းနောက် သူရို့နှစ်ယောက်စလုံးကို AA နန့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရီး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)နန့် အမှုဖွင့်တရားစွဲဆိုလျက် ၂ နှစ်ခန့်အကြာ တရားရင်ဆိုင်ခရပြီးနောက် ၂၀၂၂ ခုနှစ်၊ ဂျူလိုင် ၉ ရက်နိတွင် စစ်တွေ ခရိုင်တရားရုံးက ထောင်ဒဏ်သုံးနှစ် ချမှတ်ထားခြင်းဖြစ်သည်။
ဦးမောင်ဘုကတော့ ဂျုန် ၁၃ ရက်နိတွင် ချုပ်ရက်စိ၍ ပြန်လွတ်လာပြီး ၎င်းးနန့်အတူ ထောင်ဒဏ်ချမှတ်ခံထားရသူ ဦးဦးသာ ဇံမှာ ၅၀(ည)၊ ၅၂(က)အပြင် မူးယစ်ဆီးဝါးမှုနန့်ပါ ထောင်ဒဏ်စုစုပေါင်း ၁၅ နှစ်ချမှတ်ခံထားရ၍ လွတ်မြောက်လာခြင်း မဟိသိမ့်ကြောင်း သိဟိရသည်။
Photo – DMG