
APM ၊ ဂျုန် ၁၄ / ၂၀၂၃
မုန်တိုင်းသင့်အာရက္ခပြည်သူများ အရေးပေါ်ကယ် ဆယ်ရီးနန့် အမိုးအကာအောက် အယင်ဆုံးပြန်ရောက်ရီး အရေးပေါ် အကူအညီ များ ဆက်လက်လိုအပ်နီဆဲ ဖြစ်ကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခသည့် တလတိတိပြည့်နိမှာ MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချထားရီးကော်မတီ Cyclone Mocha ERRCA က ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ “Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခသည်မှာ ဒေနိ ဂျုန် ၁၄ ရက်နိဆိုလျှင် တလတိတိပြည့်ခပြီးဖြစ်ပါ သည်။Cyclone Mocha ERRCA ကော်မတီ၊ HDCO နန့် မြီပြင် Center များမှ လက်ခံရဟိထားသော အလှူငွေများနန့် အကူ အညီများကို မိမိရို့မှ စနစ်တကျစီမံခန့်ခွဲဆောင်ရွက်လျက်ဟိပါသည်။ ယေကေလေ့ လိုအပ်ချက်နန့် အကူအညီများမှာ ကာမိခြင်းမဟိသိမ့်ဘဲ အရေးပေါ်အကူအညီများမှာ ဆက်လက်၍ လိုအပ်လျက်ဟိနီဆဲဖြစ်ပါသည်” ဟုဖော်ပြထားသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပမှ စုပေါင်း (သို့မဟုတ်) တသီးပုဂ္ဂလ အလှူသျှင်များအပါအဝင် လူသားချင်း စာနာထောက်ထားသောစိတ်ဓာတ်ဖြင့် ထည့်ဝင်လှူဒါန်းကတ်သူများအားလုံးကို Cyclone Mocha ERRCA ကော်မတီက ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူလူထုကိုယ်စား အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အလားတူ အရေးပေါ်ကယ်ဆယ်ရီးနန့် အမိုးအကာအောက် အယင်ဆုံးပြန်လည်ရောက်ဟိရီးတွက် အားကြိုးမာန်တက် ကူ ညီပီးနီကတ်သော ULA/AA တပ်ဖွဲ့ဝင်များအပါအဝင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတသမားများ၊ ရက္ခိုင်ပြည်မြို့နယ်အသီး သီးမှ ပရဟိတစိတ်ဓာတ်အပြည့်ဖြင့် ကူညီလုပ်အားပီးနီကတ်သူသော လူငယ်များ၊ ကူညီဆောင်ရွက်ပီးနီကတ်သူများ နန့် အရေးပေါ်အကူအညီများကို ချောမွိစွာ၊ လျင်မြန်စွာရောက်ဟိနိုင်ရီးရို့အတွက် သယ်ယူပို့ဆောင်ပီးကတ်သော ကုန်းလမ်း၊ ရီလမ်း မှ ယာဉ်မောင်းများအားလုံးကို ကော်မတီက လေးလေးနက်နက်မှတ်တမ်းတင် ဂုဏ်ပြု အပ်သည်ဟုလေ့ Cyclone Mocha ERRCA ကဆိုသည်။
ဒေထုတ်ပြန်ချက်သည် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြို့နယ်အလိုက် ထိခိုက်ပျက်စီးဆုံးယှုံးမှု အခြေအနီ၊ အရေးတ ကြီး ထပ်မံလိုအပ်လျက်ဟိနီသော အကူအညီများနန့် စားနပ်ရိက္ခာ၊ အမိုးအကာ ကူညီထောက်ပံ့ထားမှုများကို ဂျုန် ၁၂ ရက်နိအထိ လက်ခံရဟိထားမှုအခြီခံ၍ အသိပီးထုတ်ပြန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။



