APM၊ ဂျုန် ၁၄ / ၂၀၂၃
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမတိုတ်ခတ်ခင် ဂျုန် ၁၁ ရက်နိမှ ၁၃ ရက်နိအထိ ၃ ရက်အတွင်း မိုးပြင်းလီပြင်းတိုက်ခတ်ခြင်းနန့် ရီမြုပ်ခြင်းများကြောင့် အချေ ၄ ယောက်အပါအဝင် စုစုပေါင်း လူ ၇ယောက် သီဆုံးလားကြောင်း သိရသည်။
ဂူဂျာရတ်ပြည်နယ်ဟိ Kutch နန့် Rajkot ခရိုင်များတွင် ဂျုန် ၁၃ ရက်နိက မုန်တိုင်းအဟိန်ကြောင့် မိုးပြင်းလီပြင်းတိုက်ခတ် ခပြီး နံရံပြိုတခုပြိုကျခရာလူ ၃ ယောက်သီဆုံးခကြောင်း အာဏာပိုင်များက ပြောသည်။
အလားတူ ဂျုန် ၁၁ ရက်နိကလေ့ မွမ်ဘိုင်းမြို့ဟိ ကမ်းရိုးတန်းဒေသများမှ ဒေသခံများကို အာဏာပိုင်များကရွိပြောင်း ပီးနီရာ ၌ Juhu ကမ်းခြီတွင် အချေ ၄ ယောက်ရီမြုပ်သီဆုံးခပြီး လက်ဟိအချိန်အထိ အလောင်း ၂ လောင်းကို ရှာတွိထားကာ ကျန် ၂ လောင်းကို ရှာဖွီနီတုန်းဖြစ်ကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့က ဆိုသည်။
အလွန်ပြင်းထန်သည့် Biparjoy ဆိုင်ကလုန်းမုန်တိုင်းသည် နက်ဖန် ဂျုန် ၁၅ရက်နိ ညပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည် နယ်နန့်ပါကစ္စတန်တောင်ပိုင်း ကရာချီမြို့အကြားမှ ဖြတ်သန်းဝင်ရောက်မည်ဟုအိန္ဒိယမိုးလီဝသဌာနကထုတ်ပြန်ထားသည်။
မုန်တိုင်းကြိုတင်ကာကွယ်ရီးအနီနန့် ကမ်းရိုးတန်းခရိုင်များမှ လူပေါင်း ၃,၈၀၀၀ ကျော်ကို ဖီးလွှတ်ရာသို့ ရွိပြောင်းပီးထား ကြောင်းလေ့ ဂူဂျာရတ်ပြည်နယ်အစိုးရက ပြောကြားသည်။
၁၉၉၈ ခုနှစ်က အိန္ဒိယနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုအတွင်း လူပေါင်း ၄၀၀၀ ထက်မနည်းသီဆုံးခရာ ယင်းအထဲ တွင် ဂူဂျာရတ်ပြည်နယ်သည် လူအသီအပျောက်အများဆုံးဖြစ်ကြောင်း သိရသည်။
Source – Seven die as cyclone barrels towards western India, Pakistan/ REUTERS
Photo – AP