APM၊ ဂျုန် ၁၄ / ၂၀၂၃
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ကွာရာပြည်နယ်ဟိ နိုဂျာမြစ်တွင် ဂျုန် ၁၂ရက်နိက ဘုတ်တစီးတိမ်းမှောက်ခပြီး အချေနန့် အမျိုးသမီးများ အပါအဝင် လူ ၁၀၃ ယောက်ထက်မနည်း သီဆုံးလားကြောင်း သိရသည်။
အဆိုပါဘုတ်သည် မင်္ဂလာဆောင်တခုမှပြန်အလာ မြစ်လယ်၌ တိမ်းမှောက်ခခြင်းဖြစ်ပြီး တိမ်းမှောက်မှုအတွင်း ရီမြုပ် သီဆုံးသူ ၁၀၃ ယောက်ဟိကာ လူ ၁၀၀ကို ကယ်ဆယ်နိုင်ခကြောင်း၊ တခြားပျောက်ဆုံးနီသူ အများအပြားကို ဆက်လက် ရှာဖွီနီကြောင်း ရဲတပ်ဖွဲ့၏ ပြောခွင့်ရ Okasanmi Ajayi က ပြောသည်။
အဆိုပါဘုတ်တွင်လူ ၃၀၀ နီးပါး လိုက်ပါလားခြင်းဖြစ်ပြီးလမ်းတွင် သစ် တုံးကြီးကို ဝင်တိုက်မိရာမှ ဘုတ်နှစ်ခြမ်းကွဲကာ တိမ်းမှောက်လားခြင်းဖြစ်သည်ဟုဒေသခံအကြီးအကဲ Abdul Gana Lukpadaကဆိုသည်။
သီဆုံးသူအများစုမှာ မင်္ဂလာပွဲသို့ လာရောက်ကတ်သည့် အနီးအနားကျေးရွာများမှဖြစ်ပြီး အခမ်းအနားအပြီး မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းများလားလာ၍မရသဖြင့် ရီလမ်းမှ ဘုတ်ဖြင့် ပြန်လာကတ်ခြင်းဖြစ်ကြောင်း သိဟိ ရသည်။
Source – At least 103 wedding guests killed when boat capsizes in northern Nigeria
Photo – AFP