APM ၊ ဂျုန် ၁၄ /၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် ကျောက်တော်က ၉ ယောက်အမှုကို ဂျုန် ၁၃ ရက်နိ၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်၍ မစစ်ခဘဲ ရုံးချိန်း ထပ်ရွှိလိုက်ကြောင်း သိရသည်။
၁၇(၁)နန့် တရားစွဲခံထားရသူများမှာ မင်းပြားမြို့နယ်က အပျော်တမ်းဓာတ်ပုံ ဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့ ကဝိရ တနာစစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ် သရက်တပင်ရွာက ဦးမောင်စောသာ၊ ဝပြန်ရွာက ကိုမောင် သန်းဌေးနန့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်က ကိုမောင်ချေ(ခ)မောင်မျိုးကိုနန့် မြောက်ဦးမြို့၊ မဟိန်ဂျီရပ်ကွက်က ကိုကျော်မောင်လင်း ရို့ ဖြစ်ကတ်သည်။
အမှုကို ဂျုန် ၁၃ ရက်နိ မိုးထ ၁၁ နာရီလောက်တွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီ မရောက်၍ မစစ်ဆီးခဘဲ ရုံးချိန်း ထပ်ရွှိလိုက်သည်။
သူရို့ ၉ ယောက်သည် ပြီးခသည့်ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလအတွင်း ကျောက်တော်အခြီစိုက် မြန်မာစစ်တပ် စစ်ဆီးရီးဂိတ်များ၌ အသီးသီး ဖမ်းဆီးခံခရခြင်း ဖြစ်သည်။
ယင်းနောက် ရက္ခိုင့်တပ်တော်(AA)နန့် ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ ၁၇ (၁)ဖြင့် ကျောက်တော်မြို့နယ်တရားရုံး ၌ တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၉ ယောက်ကို ကျောက်တော် မြို့မရဲစခန်း၌ ထိန်း သိမ်းချုပ် နှောင်ထားကြောင်း သိဟိရသည်။