APM၊ ဂျုန် ၁၄ / ၂ဝ၂၂
ရက္ခိုင့်တပ်တော် (AA)၏ တပ်ဖွဲဝင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးနီသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် များကို AA ပြန်ဖမ်းရသည်ဟု ဒေနိ(ဂျုန် ၁၄ ရက်နိ) ပြုလုပ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့် တပ်တော်(ULA/AA) ဦးဆောင်သည့် “ရက္ခိုင်ပြည်သူ့အစိုးရ”၏ တတိယအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲတွင် ULA/AA ပြန်ကြားရီးတာဝန်ခံ ဆရာဦးခိုင်သုခ က ပြောဆိုလိုက်သည်။
ပြီးခသည့် ဂျုန် ၁၁ ရက်နိက ကျောက်တော်မြို့တွင် စစ်ကောင်စီဖွဲ့ဝင် နှစ်ယောက်ကို AA က ဖမ်းယူလားခြင်းနန့် ပတ်သက် ၍ သတင်းထောက်တယောက်၏ အမိန်းကို ဆရာဦးခိုင်သုခ အဂုပိုင် ဖြေကြားလိုက်ခြင်း ဖြစ်သည်။
“ကျောက်တော်မှာဖြစ်ခရေ ကိစ္စက မှန်ပါရေ။ ဇာကြောင့်ဖြစ်ရလဲဆိုကေ စစ်ကောင်စီတပ်က ကျနော်ရို့ ULA/AA တပ်ဖွဲ့ဝင်တိ၏အိမ်တိကို ညည့်ခါသားဆိုကေ ဝင်ရောက်ရှာဖွီစွာတိ၊ ကျနော်ရို့ ULA/AA တပ်ဖွဲ့ ဝင်တချို့ကို ဖမ်းဆီးထားစွာတိ ဟိနီပါရေ။ ယင်းအတွက်နန့်ကျနော်ရို့က သူရို့တပ်ဖွဲဝင်တိကို ပြန်လို့ဖမ်းဆီးရစွာဖြစ်ပါရေ။ သူရို့ဒေအတိုင်းဆက်လုပ်နီဖို့ဆိုကေ ကျနော်ရို့ဖက်ကလေ့ ယင်းအတိုင်း ပြန်လို့ တုံ့ပြန်လားပါဖို့” ဟု ဆရာ ဦးခိုင်သုခက ဆိုသည်။
ယင်းအပြင် “ကျနော်ရို့ဖမ်းဆီးထားရေ စစ်ကောင်စီတပ်၊တပ်ဖွဲ့ဝင်တိကိုမနှိပ်စက်ဘဲ ကျနော်ရို့ ကောင်းကောင်းမွန်မွန် ထိန်း သိမ်းထားပါရေ။ ယင်းနည်းတူ စစ်ကောင်စီတပ်ဖက်ကလေ့ ကျနော်ရို့တပ်ဖွဲ့ဝင်တိကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားဖို့ မျှော်လင့်ပါရေ”ဟုလေ့ ဆရာ ဦးခိုင်သုခ က ပြောပါသည်။
“သူရို့တိကို ဇာဆက်လုပ်ဖို့လို့ ဆိုကေတော့ စစ်ကောင်စီတပ်ကဖမ်းထားရေ ကျနော်ရို့ ULA/AA တပ်ဖွဲ့ဝင်တိကိုပြန်လွှတ်ပီးဖို့ဆိုကေတော့ ကျနော်ရို့ဖက်ကလေ့သူရို့တပ်ဖွဲ့ဝင်တိကို ချက်ချင်းပြန်လွှတ်ပီးဖို့စဉ်းစားထားပါရေ” ဟုလေ့ ဆရာဦးခိုင်သုခ က ပြောကြားခသည်။
ယင်းနည်းတူ AAမှဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာဟိတချို့လေ့ဟိနီပြီး နှစ်ဖက်ဖမ်းဆီးခံထားရသူများ အပြန် အလှန် ပြန်လွှတ်ပီးဖို့နန့် နှစ်ဖက်အဖွဲ့အစည်းသို့ ပြန်ရောက်နိုင်ရီးအတွက် ကြားလူများမှ တဆင့်ညှိနှိုင်းဆောင်ရွက်နီကြောင်း ဆရာ ဦးခိုင်သုခ၏ ပြောကြားချက်အရ သိဟိရပါသည်။