APM၊ ဂျုန် ၁၄/၂၀၂၂
ရက္ခိုင်ပြည်မှာ တိုက်ပွဲများ “အချိန်မရွီး”ပြန်ဖြစ်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော်(AA) က ပြောဆိုလိုက်ပါသည်။
ဒေနိ(ဂျုန် ၁၄ ရက်နိ)မိုးထ ၁၀ နာရီက ပြုလုပ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ဦး ဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ၏ တတိယအကြိမ်မြောက်သတင်းစာယှင်းလင်းပွဲတွင် ULA/AA ပြန်ကြားရီးတာဝန်ခံ ဆရာဦးခိုင်သုခ က ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဆရာ ခိုင်သုခက “လက်ဟိအချိန်မှာ ရက္ခိုင်ပြည်၏ စစ်ရီး၊ နိုင်ငံရီးအခြေအနေစွာရေ သီချာခိုင်မာပြီး၊ စိတ်ချလို့ရရေ အခြေ အနေတခုမဟုတ်ဘဲ မြန်မာစစ်တပ်၏စစ်ရီးလှုပ်ယှားမှု အပေါ်မှာမူတည်ပြီးကေ တိုက်ပွဲတိလေ့ အချိန်မရွီးပြန်လို့ဖြစ်လာနိုင်ရေအနေအထားပါ” ဟု ပြောသည်။
ယင်းအပြင် ဆရာဦးခိုင်သုခက “တိုက်ပွဲဖြစ် မဖြစ်ဆိုစွာကတော့ခါ စစ်ကောင်စီတပ်က စစ်ရီးလှုပ်ယှားမှုတိနန့် စစ်အင်အားတိုးချဲ့မှုတိနန့်ဆိုင်ပါဖို့။ အဂုဆိုကေ စစ်ကောင်စီတပ်ဖက်က ရက္ခိုင်မှာ ရီငုပ်သင်္ဘောကိုပါထုတ်ပြ လာစွာတိတွိရပါရေ။ ဒေချင့်စွာ စစ်ကောင်စီတပ်ဖက်က ရက္ခိုင်မှာတခုခုဖြစ်လာဗျာယ်ဆိုကေ မီးကုန်ယမ်း ကုန် လုပ်ဖို့ ပြင်ဆင်နီစွာလို့ ကျနော်ပြောချင်ပါရေ” ဟု ဆိုသည်။
ယေပြီးကေ “စစ်ရီးအရထိပ်တိုက်တွိစွာတိလေ့ဟိပါရေ။ ယေကေလေ့ ကျနော်ရို့က ယင်းကိစ္စတိကို ကြားခံတိ ကနီတဆင့် ညှိနှိုင်းနီစွာတိဟိပါရေ။ ပြောပလောက်အောင်တော့ခရီးမရောက်ပါ။ပြောရဖို့ဆိုကေ ညှိနှိုင်းလို့မရ ရေ အခြေအနေဟိနီရေလို့ အကြမ်းအားဖြင့် ပြောလို့ရပါရေ” ဟုလေ့ ဆရာဦးခိုင်သုခက ပြောကြားခသည်။
အဂုပိုင်စစ်ကောင်စီတပ်ဖက်က စစ်အင်အားတိုးချဲ့လာနီသည့်အတွက် AAဖက်ကလေ့ တိုက်ပွဲဝင်နိုင်ရီး အတွက် အဆင်သင့် ပြုလုပ်ထားသည်ဟု ဆရာဦးခိုင်သုခက သတင်းစာယှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားလားခသည်။