APM၊ ဧပြီ ၁၄ /၂၀၂၄
ဧပြီ ၁၄ ရက်နိ၊ မိုးထ ၉ နာရီလောက်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၏ ကျောက်ဖြူမြို့နယ်ဥက္ကဋ္ဌဟောင်း ဦးထွန်းလွင်ကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးလားကြောင်းသိရပါရေ။
ဦးထွန်းလွင် (၅၈ နှစ်) ကို ဒေနိ၊ မိုးထ ၉ နာရီလောက်မာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ လောက်က သူနီထိုင်ရာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ဓမ္မသုခလမ်းဟိ နီအိမ်သို့ ဝင်ဖမ်းလားစွာလို့ မျက်မြင်မြို့ခံတိက ပြောပါရေ။
ယင်းနောက် ယင်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ဦးထွန်းလွင်ကို အိမ်စီးကားအဖြူတစီးနန့် တင်ပြီးကေ ကျောက်ဖြူအခြီစိုက် စစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်းသို့ ခေါ်ယူလားရေလို့ ဆိုပါရေ။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ဦးထွန်းလွင်၏ နီအိမ်ကိုလည်း မွီနှောက်ရှာဖွိမှုတိပြုလုပ်ခပြီးကေ အိမ်ထဲက ကွန်ပျူတာ ၁ လုံးနန့် ဖုန်း ၂ လုံးကိုပါ သိမ်းယူလားရေလို့ သိဟိရပါရေ။