APM ၊ ဧပြီ ၁၄ / ၂၀၂၃
ပဇီကြီးရွာတိုက်ခိုက်ခံရမှုနန့် ပတ်သက်၍ ညဇာက ကုလလုံခြုံရီးကောင်စီ၌တန်းခါးပိတ်ဆွေးနွေးခကေလေ့ အဖွဲ့ ဝင်နိုင်ငံ တချို့ကန့်ကွက်မှုကြောင့် ဆုံးဖြတ်ချက်မချနိုင်ခကြောင်းဗြိတိန်သံအမတ်ကြီး Barbara Woodward က ပြောသည်။
Barbara Woodward က ပြောကြားရာတွင် “ပဇီကြီးရွာတိုက်ခိုက်ခံရမှုတွင်လောလောဆယ်စာရင်းအရ လူပေါင်း ၁၆၈ ယောက်သီဆုံးခပြီး ယင်းအထဲ အချေ ၃၈ ယောက်ပါဝင်ကာ နောက်ထပ် သီဆုံးသူများဟိ နိုင်သိမ့်ကြောင်း၊ မြန်မာစစ်တပ် ကလေ့ဒေတိုက်ခိုက်မှုနန့်ပတ်သက်၍ဝန်ခံ ထားပြီး၊ လုံခြုံရီးကောင်စီ အနီနန့် ဆုံးဖြတ်ချက်အမှတ် (၂၆၆၉)ကိုအကောင် ထည်ဖော်ဖို့တောင်းဆိုလိုကြောင်း၊ ရှုံ့ချဖို့ ဆုံးဖြတ်ချက် မချနိုင်ခသည့်အတွက် အထူးစိုး ရိမ်မိ ကြောင်း” ပြောဆိုခသည်။
လုံခြုံရီးကောင်စီမှာ ဗီတိုသုံးခွင့်ရထားသည့်အင်အားကြီး နိုင်ငံများလေ့ဖြစ်၊ စစ်ကောင်စီနန့်လေ့ ရင်းနှီးသည့်ဆက် ဆံရီးလေ့ဟိသော တရုတ်နန့်ရ့သျှရို့ကန့်ကွက်၍ ရှုံ့ချမှုမလုပ်နိုင်ခဟု ရိုက်တာက ရွီးသားထားသည်။
ပဇီကြီးရွာ တိုက်ခိုက်ခံရမှုနန့်ပတ်သက်၍ ကုလလုံခြုံရီး ကောင်စီ၌ဆွေးနွေးရန် ဗြိတိန်ကတောင်းဆိုခပြီး လုံခြုံရီး ကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌ ရှသျှက ပဇီကြီးတိုက်ခိုက်မှု၌ အချက်အလက်များကွဲလွဲနီကြောင်းထောက်ပြခပိုင်၊ တရုတ်ကလေ့ ပြည်တွင်းရီးဝင်ရောက်စွက်ဖက်မှုယှောင်သင့်ကြောင်း ပြောဆိုခသည်ဟု ရိုက်တာက ဖော်ပြသည်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါသည့် လုံခြုံရီးကောင်စီသည် မြန်မာ့အရေးနှန့်ပတ်သက်သည့် ဆုံးဖြတ်ချက်တရပ်ကို ပြီးခ သည့် ၂၀၂၂ ခုနှစ်၊ ဒီဇမ်ဘာ ၂၁ ရက်နိက ချမှတ်ခသိမ့်သည်။
ယင်းဆုံးဖြတ်ချက်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်ဆိုင်းဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရီးအကျဉ်း သားများ အားလုံးပြန်လွှတ်ဖို့၊ လူသားချင်းစာနာမှု အကူ အညီများပီးခွင့်ပြုဖို့ စသည့်အချက်မျာ ပါဝင်ကြောင်း သိဟိရသည်။
Photo – AP