APM ၊ ဧပြီ ၁၄ / ၂၀၂၃
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ဦးဆောင်ကျင်းပသောဒုတိယအကြိမ်မြောက် ဇီးချောင်း ရက္ခိုင် သင်္ကြန်ပွဲတော်(ပထမနိ)ဧပြီ ၁၄ရက်နိ အစီအစဉ် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ပွဲကျင်းပရီးကော်မတီက ပြောသည်။
ဧပြီ ၁၄ ရက်နိမှ ၁၆ ရက်နိအထိ၃ ရက်တိုင်တိုင်ကျင်းပမည့် ဇီးချောင်းရက္ခိုင်သင်္ကြန်ပွဲတော်၏ ဒေနိ(ပထမနိ)မှာ ဒေသစုံမှ ပရိသတ် ၅၀၀၀ ဝန်းကျင်ကြွရောက်ဆင်နွှဲခကတ်ပြီး အစီအစဉ်ကို နိခင်း ၁၂ နာရီမှာစတင်ကာ ညဇာ ၆ နာရီမှာ အောင်မြင် စွာ ပြီးစီးးခသည်ဟု ဆိုသည်။
ပထမနိဖွင့်ပွဲအခမ်းအနားကိုအာရက္ခနိုင်ငံတော်တေးခြင်းသံပြိုင်သီဆို၍ စတင်ဖွင့်လှစ်ကာ ရက္ခိုင်ရိုးရာ စည်တော် တီးလျက် ရက္ခိုင်ပိုဒ်စုံ ရတုဖြင့်စတင်လိုက်ပြီး ULA နိုင်ငံရီးမှူး ဦးဦးလှစောက အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ရက္ခိုင် အဆိုတော်များ၏ အဆို၊ အကများ အပြင် DJ အကများဖြင့်ပါ ကပြဖျော်ဖြေ တင်ဆက်ခကတ် သည်။
နက်ဖြန် ဧပြီ ၁၅ ရက် ပွဲတော်ဒုတိယနိတွင်လေ့ ရက္ခိုင် အဆိုတော်များထပ်မံအင်းအားဖြည့်လျက် အကောင်းဆုံး ဖျော်ဖြေတင်ဆက်ပီးလားမည်ဟု ပွဲကျင်းပရီးကော်မတီကဆိုသည်။
မနှစ်က ၂၀၂၂ခုနှစ်ကျင်းပသည့်ပထမအကြိမ်ဇီးချောင်း ရက္ခိုင်သင်္ကြန်ပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဧည့်ပရိ သတ်ပေါင်း ၁ သောင်း ကျော် လာရောက်အပီး ပါဝင်ဆင်နွှဲခကတ်သည်ဟု သိရသည်။