APM ၊ ဧပြီ ၁၄ / ၂၀၂၃
ထောက်လှမ်းရီးဆိုင်ရာ အချက်အလက် စာရွက်စာတမ်းများ ပေါက်ကြားမှုနန့် ပတ်သက်၍ မက်ဆာချုးဆက် အမျိုး သားအစောင့်တပ်ဖွဲ့ လီတပ်မှ အသက် ၂၁ အရွယ် အမျိုး သား ၁ ယောက်ကို ဧပြီ ၁၃ ရက်နိက ဖမ်းဆီးလိုက် ကြောင်း အမေရိကန်ပြည်ထောင်စု ရှိနီချုပ် မယ်ရစ်ဂါလန်က သတင်းစာယှင်းလင်းပွဲ၌ ပြောကြားသည်။
အဖမ်းခံရသူမှာ အွန်လိုင်းဂိမ်း စကားပြောအဖွဲတခု၏ ဦးဆောင်သူ ဂျက်ဒေါက်ဂလပ်စ် ဆိုသူဖြစ်ပြီး ၎င်းသည် ထောက်လှန်းရီးအချက်အလက်များဆိုင်ရာ စာရွက် စာတမ်းများကို ဆိုချယ်မီဒီယာ၌တင်ခသူဖြစ်သည်။
သမ္မတ ဘိုင်ဒန်က “စာရွက်စာတမ်းပေါက်ကြားမှုသည် အမေရိကန်အတွက် ဆယ်စုနှစ် ၁ ခုအတွင်း အဆိုးရွားဆုံး လုံခြုံရီးပေါက်ကြားမှုအဖြစ်ပြောဆိုခကေလေ့ တခြားကြီးကြီးမားမား အကျိုး ဆက်ဟိမလာနိုင်ဟု အိုင်ယာလန် ခရီးစဥ်အတွင်း ပြောကြားခသည်။
အဆိုပါ ပေါက်ကြားခသည့် စာရွက် စာတမ်းများတွင် ယူကရိန်းစစ်တပ်နန့် အခြားထောက်လှမ်းရီးဆိုင်ရာအချက် အလက် ပေါင်းများစွာ ပါသည်ဟု အမေရိကန်စစ်တပ်က ဆိုသည်။
အဖမ်းခံရသူက “၎င်းအနီနန့် အမေရိကန်အစိုးရအပေါ် ထိခိုက်လိုစိတ်နန့်လုပ် ဆောင်ခခြင်းမဟုတ်” ဟု ပြောဆို ထားသည်။
Source – FBI arrests 21-year-old Air National Guardsman suspected of leaking classified documents
Photo – CNN