
APM ၊ မာ့ချ် ၁၄ / ၂၀၂၄
ဒေနိ၊ မာ့ချ် ၁၄ ရက်နိ၊ မိုးထ ၁၁ နာရီလောက်မာ ကျောက်ဖြူမြို့က ကျန်းမာရီးဝန်ထမ်း(ရုံးစာရီး) တယောက်ကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိ ဖမ်းယူလားခရေလို့ သိရပါရေ။
အဖမ်းခံရလူစွာ စစ်ကောင်စီ၏ ကျန်းမာရီးဝန်ကြီးဌာန၊ ကျောက်ဖြူမြို့နယ်ကျန်းမာရီးဦးစီးဌာနမှ ရုံးစာရီးဖြစ်သူ၊ ကျောက်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်က ဦးသန့်ဇော်ဟိန်း(ခ)သားကြီး (၂၆ နှစ်)ဖြစ်ပါရေ။
ဒေနိမိုးထ ၁၁ နာရီလောက်မာ ကျောက်ဖြူမြို့အခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ်နန့် ရဲတပ်ဖွဲ့ဝင် ပူပေါင်းအင်အား ၂၀ လောက်စွာ အိမ်စီးကားတစီးနန့် ကျောက်ဖြူခရိုင်ပြည်သူ့ဆီးရုံကြီးသို့ ရောက်လာပြီးကေ ဦးသန့်ဇော်ဟိန်းကို ဖမ်းဆီးလားစွာလို့ ကျန်းမာရီးဌာနကသိရပါရေ။
ယင်းနောက် ဦးသန့်ဇော်ဟိန်းကို ကျောက်ဖြူအခြီစိုက် ခလရ( ၃၄) တပ်ရင်းသို့ ခေါ်ယူလားခရေလို့ ဆိုပါရေ။
ပြီးခရေ မာ့ချ် ၁၃ ရက်နိကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ အုန်းတောရွာက အပြစ်မဲ့အရပ်သားပြည်သူတယောက်ကို ကျောက်ဖြူအခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ်နန့် ရဲတပ်ဖွဲ့ဝင်တိက နီအိမ်သို့ဝင်ရောက် ဖမ်းယူလားခပါသိမ့်ရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်AA နန့် ရင်ဆိုင်တိုက်ပွဲတိအတွင်း အယှုံးနန့် ဆိုးဝါးစွာ ရင်ဆိုင်နီရရေ စစ်ကောင်စီစွာ ဆီးရုံဝန်ထမ်း၊ ပညာရီးဝန်ထမ်း စရေ ဝန်ထမ်းတိအပါအဝင် အပြစ်မဲ့ပြည်သူတိကိုမတရားဖမ်းဆီး၊ ရိုက်နှက်၊ သတ် ဖြတ်စွာတိကို ဒေသအနှံ့ ပြုလုပ်လို့ဟိနီပါရေ။
