
APM၊မာ့ချ် ၁၄/၂၀၂၄
ပုဏ္ဏားကျွန်းမာ ဒေနိ၊ မာ့ချ် ၁၄ ရက်နိ၊ မိုးထပိုင်းက အကြမ်းဖက်ကစစ်ကောင်စီနေဗီက ပစ်လိုက်တေ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ အပြစ်မဲ့ပြည်သူ ၃ ယောက်သီဆုံးလားပြီးကေ ၊ ၁၁ ယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရလားကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး(PYA)၏ ထုတ်ပြန်ချက်အရ သိရပါရေ။
သီဆုံးလားရေလူတိစွာ ပုဏ္ဏားကျွန်းမြို့သို့ ရောက်နီကတ်တေ ပေါက်တောမြို့နယ်၊ ဆယ်သိန်းတန်ရွာက ကိုစိန်ထွန်းကျော်၊ ကိုဦးလှမောင် ၊ ကိုမောင်လှချေရို့ဖြစ်ကတ်တေလို့ ဆိုပါရေ။
ကိုစိန်ထွန်းကျော်၊ ကိုဦးလှမောင်နန့် ကိုမောင်လှချေရို့အပါအဝင် ဆယ်သိန်းတန်သား (၁၄) ယောက်စွာ ဒေနိမိုးထက ပုဏ္ဏားကျွန်းသို့ ရောက်နီချိန် စစ်တွေမြစ်မာ တန့်ထားရေ အကြမ်းဖက်စစ်ကောင်စီ နေဗီက လက်နင်ကြီးနန့် ပစ်ခတ်ခပါရေ။
ယင်းသို့ပစ်ခတ်မှုစွာ ပုဏ္ဏားကျွန်းမြို့ထက်သို့ကျရောက်ပေါက်ကွဲပြီးကေ မြို့ထက်သို့ရောက်နီရေ ဆယ်သိန်းတန်ရွာသား ၁၄ ယောက်ထဲက ကိုစိန်ထွန်းကျော်မာ နီရာမာပင် ဂွင်ချင်း သီဆုံးလားပြီးကေ၊ ကိုဦးလှမောင်နန့် ကိုမောင်လှချေ ရို့နှစ်ယောက်မာလည်း ဆီးကုသဖို့ ပို့ဆောင်စဉ် လမ်းမာ ဆုံးပါးလားရေလို့ ဆိုပါရေ။
ယင်းအပြင် ကျန်လူ ၁၁ ယောက်မာလည်း ခြီပြတ်လက်ပြတ်စသဖြင့် ဒဏ်ရာတိ ပြင်းပြင်းထထန်ထန် ရလားရေလို့ သိရပါရေ။
လက်ဟိမာ စစ်ရီး၊ နိုင်ငံရီး၊သံတမန်ရီးအပါအဝင် အဖက်ဖက်က ယှုံးနိမ့်နီရေ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီစွာ မြီပြင်ရင်ဆိုင်တိုက်ပွဲတိမာ အရေးနိမ့်တိုင်း အရပ်သားပြည်သူတိကို အဓိကပစ်မှတ်ထား တိုက်ခိုက်မှုတိ၊ မြို့ရွာတိကို ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့်ပစ်စွာ၊ ဗုံးကြဲစွာတိ စရေ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူး လွန်ရေ ရာဇဝတ်မှုတိကို တရက်ထက်တရက် ပိုလို့ လက်ရဲဇက်ရဲ လုပ်လာနီပါရေ။
ယေဇူးနန့်အာရက္ခပြည်သူရို့အနီနန့် ရက်စက်ကြမ်းကြုတ်တေ အကြမ်းဖက် ဖက်ဆစ်ဝါဒီ စစ်ကောင်စီတပ်၏ လီကြောင်းရန်၊ ရီကြောင်းရန်နန့် လက်နက်ကြီးရန်တိက မိမိကိုယ်ကို ကာကွယ်နိုင်ရေ နည်းလမ်းတိနန့်အထူးသတိထား လုံခြုံစွာ လားလာနီထိုင်ကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က သတိပီးထားပါရေ။
အထူးသဖြင့် အဆောက်အအုံ တခုတည်းအတွင်း လူအစုလိုက်အပြုံလိုက် သတိပေါ့လျော့ နီထိုင်စွာ၊ လူစုလူဝေးလုပ်စွာတိကို အတတ်နိုင်ဆုံး ယှောင်ယှားပြီးကေ ဖြန့်ကြင်းနီထိုင်ကတ်ဖို့လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က အသိပီးတိုက်တွန်းထားပါရေ။
