၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကစလို့ ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်နန့် အကြမ်းဖက်စစ်ကောင်စီရို့ တကျော့ပြန်တိုက်ပွဲတိဖြစ်ပွားလာစွာရေ အေနိ၂၀၂၄ ခုနှစ်၊ မာ့ချ် ၁၄ ရက်ဆိုပါကေ တိုက်ပွဲကာလ ရက်ပေါင်း (၁၂၃) ရက်ပင် မြောက်လားပြီးဖြစ်ပါရေ။
ရက္ခိုင့်တပ်တော်၏ ပြင်းထန်ရေ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီစွာ လီတပ်နန့် ရီတပ်ကိုရာ အဓိကအားထား ခုခံနီရပြီးကေ ကြည်းတပ်ဆိုကေ ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ထိုးစစ်တိအတွင်း ခုခံကာကွယ်ဖို့ပင် မတတ်နိုင်ဘဲ ဖရိုဖရဲပြိုကွဲပနာ အယှုံးကြီး ယှုံးလျက် ခွီးဗြီးဝက်ဗြီး ထွက်ဗြီးနီကတ်ရပါရေ။
တဖက်မာလည်း အကြမ်းဖက်စစ်ကောင်စီတပ်စွာ တပ်တွင်းစည်းလုံးမှုပြိုကွဲပနာ တပ်ဗြီး၊ ရဲဗြီးတိ မကန်ဟိလာပြီးကေ အာဏာဖီဆန် ပုန်ကန်မှုတိအထိပင် ဖြစ်ပွားလျက်ဟိရာ အကြမ်းဖက်စစ်ကောင်စီ၏ ထိပ်ပိုင်းဂေါင်းဆောင်တိအနီနန့် ၎င်းရို့အတွင်းစည်းမာပင် ဖြုတ်၊ ထုတ်၊သတ် ဗျူဟာကို ကျင့်သုံးနီရစွာတိ တွိလာနီရပါရေ။
ရက္ခိုင်နန့်ပလက်ဝဒေသတိုက်ပွဲတိအတွင်း ရက္ခိုင့်တပ်တော်ရေ ပလက်ဝ၊ ပေါက်တော၊ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ မြို့ နယ် (၈) မြို့နယ်နန့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း၊ တပ်မ ဌာနချုပ် အမြောက်အမြားကို သိမ်းပိုက်ရယူထားပြီးဖြစ်ပါရေ။
အဆိုပါမြို့နယ်တိနန့် တပ်ရင်း၊ တပ်မဌာနချုပ်တိကို ရန်သူ အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရီ၊ လီ ပူးပေါင်းပြီး အင်အားအလုံးအရင်းနန့် အသည်းအသန်ခုခံကာကွယ် တိုက်ခိုက်မှုတိကြားမှ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရယူထားစွာဖြစ်ပါရေ။
ကုန်ခရေ မာ့ချ် ၁၁ ရက်နိ၊ နိခင်း ၁ နာရီ ၁၅ မိနစ်က သိမ်းပိုက်ရယူထားခရေ ရမ်းဗြဲမြို့ဆိုကေ အကြမ်းဖက်စစ်ကောင်စီအနီနန့် “ရက္ခိုင့်တပ်တော်ကို မနိုင်ကေ မြို့ကိုဖျက်” မူကို အသုံးပြုပနာ ကြည်း၊ ရီ၊ လီ ပူးပေါင်းပြီးကေ အပြင်းအထန် ခုခံနီရေကြားက ရက်ပေါင်း (၈၅) ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်အပြီးမာ ရက္ခိုင့်တပ်တော်က ရမ္မာဝတီ-ရမ်းဗြဲမြို့ကို အပြီးအပြတ် သိမ်းပိုက်လိုက်စွာဖြစ်ပါရေ။
ရက္ခိုင့်တပ်တော်၏ရမ်းဗြဲမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီစွာ လီကြောင်း၊ ရီကြောင်းပစ်ခတ်မှုအမြောက်အမြား၊ ကြည်းတပ်စစ်ကူမြောက်မြားစွာ ပို့ဆောင်ပီးပြီးကေ အပြင်းအထန် ခုခံခစွာကို တွိရပါရေ။
အကြမ်းဖက်စစ်ကောင်စီစွာ ရမ်းဗြဲမြို့မကျစီရီးအတွက် မအီမြို့မာအခြီပြုနီရေ ခလရ(၃၆)တပ်ရင်း၏တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသက်နိုင်ဝင်းကိုဦးဆောင်ပနာ စစ်ကူပီးဖို့ အတင်းအဓမ္မ အမိန့်ပီးစီလွှတ်ခပါရေ။
တပ်ရင်းမှူး သက်နိုင်ဝင်း ဦးဆောင်ရေစစ်ကူ စစ်ကြောင်းစွာ အထက်အမိန့်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်၊ ညည့် ၉ နာရီ ၄၅ မိနစ်မာ မအီမြို့ကနီ ရမ်းဗြဲမြို့သို့ စစ်ကူပီးဖို့ထွက်ခွာလာခပါရေ။ ယင်းစစ်ကူစစ်ကြောင်းစွာ ကုန်းကြောင်း၊ ရီကြောင်းအဆင့်ဆင့်နန့် ကလိန်တောင်မြစ်ထဲက နေဗီစစ်ရီယာဉ်ထက်သို့ ဖေဖော်ဝါရီ ၁၈ ရက်နိ၊ ညဇာ ၆ နာရီမာ ရောက်ဟိနီခပါရေ။
အကြမ်းဖက်စစ်ကောင်စီ၏ တပ်တွင်းလျှို့ဝှက်ကြီးနန်းစာတိအရ ဒုဗိုလ်မှူးကြီး သက်နိုင်ဝင်းစွာ ရမ်းဗြဲတိုက်ပွဲကို မတိုက်လိုဘဲ အကြိမ်ကြိမ် ငြင်းဆန်နီခရေလို့ သိရပါရေ။
သက်ဆိုင်ရာ အနောက်တောင်တိုင်း စစ်ဌာနချုပ်နန့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရို့က ရမ်းဗြဲသို့ချီတက်ဖို့ တပ်ရင်းမှူး သက်နိုင်ဝင်းကိုအကြိမ်ကြိမ်အမိန့်ပီးခကေလေ့ စစ်ထွက်အင်အားနည်းပါးကြောင်း အကြောင်းပြပနာ ရမ်းဗြဲယှောင်လွှဲနီခပါရေ။
၎င်း၏တင်ပြချက်အရ စစ်ထွက်အင်အားအလွန်နည်းပါးပြီးကေ ယင်းအထဲ အသက် ၅၅ နှစ်အထက် ၁၁ ယောက်၊ ကျန်းမာရီးမကောင်းသူ ၁၁ ယောက်၊ ပေါင်း ၂၂ ယောက်ရာဟိရေအတွက် ရမ်းဗြဲသို့ချီတက်ဖို့ လုံးဝမဖြစ်နိုင်ပါလို့ အထက်သို့တင်ပြခပါရေ။
အထက်က မအီအခြီစိုက် ခလရ(၃၆) တပ်ရင်း၏ ဖေဖော်ဝါရီ ၁၆ ရက်နိ စစ်ထွက်စာရင်းကိုကြည့်ခါ စစ်ထွက်အင်အား ၇၀ ပါဟိပြီးကေ သက်နိုင်ဝင်း၏တင်ပြရေစာရင်းမာ ၆၁ ယောက်ရာပါရေအတွက် စုံစမ်းစစ်ဆီးမှုတိပြုလုပ်တေခါ အရာဟိ/တပ်သား ၉ ယောက်ပျောက်ဆုံးနီကြောင်း တွိလိုက်ရပါရေ။
ယင်း ပျောက်နီရေ ၉ ယောက်ကတော့-
၁။ ကြည်း ၄၅၇၁၁ ဗိုလ်ကြီး ရဲခိုင်
၂။ အမ၊ ၆၀၈၃၀၉ တပ်ကြပ် မျိုးတင့်(၅၈နှစ်)
၃။ အမ၊တ-၂၃၇၈၀၂ တပ်ကြပ် ကျော်သန်း(၄၁နှစ်)
၄။ အမ၊ ၆၃၀၈၉၁ တပ်ကြပ် ဝင်းကြည် (၅၈နှစ်)
၅။ အမ၊ဝ-၅၈၂၀၄၈ တပ်သား သိန်းသိန်းစိုး
၆။ အမ၊တ- ၅၈၂၀၇၂ တပ်သား အောင်ဘိုမင်း
၇။ အမ၊တတ-၂၃၂၆၆၁ တပ်သား နေသာကို
၈။ အမ၊တတ- ၁၂၇၁၀၉၇ တပ်သား ကျော်ဇင်ဦး
၉။ အမ၊တ-၅၇၀၈၇၆ တပ်သား ဇေယျာထွန်း
ရို့ဖြစ်ကတ်ပါရေ။
ဒေတပ်ဖွဲ့ဝင် ၉ ယောက်စွာ မအီက ရမ်းဗြဲသို့ ထွက်ခွာကတည်းကပင် ပါမလာဘဲ ထွက်ပြီးလားစွာလည်း ဖြစ်နိုင်ရေပိုင်၊ တပ်ရင်းမှူးက လာဘ်ယူပနာလွှတ်ပီးလိုက်စွာလည်းဖြစ်နိုင်ပါရေ။
နတခ နန့် နပခ ရို့က နောက်ထပ်အရာဟိ ၃ ယောက်ဖြစ်တေ
၁။ ကြည်း ၄၀၁၈၅ ဗိုလ်မှူး လူမင်းထက် (ဒုရင်းမှူး)
၂။ ကြည်း ၄၃၄၁၆ ဗိုလ်မှူး သိန်းစိုးဝင်း ( တပ်ခွဲမှူး)
၃။ ကြည်း ၄၉၂၄၀ ဗိုလ်ကြီး ဝင်းသူအောင်(တပ်ခွဲမှူး)
အရာဟိသုံးယောက်ကို ထုတ်ပီးပနာ ရမ်းဗြဲကို တိုက်ခိုင်းပြန်ကေလေ့ တပ်ရင်းမှူး သက်နိုင်ဝင်းက လုံးဝ မတိုက်နိုင်ကြောင်း ထပ်မံငြင်းဆန်ပြန်ပါရေ။
ယင်းအတွက် ယင်းခလရ(၃၆) စစ်ကူစစ်ကြောင်းကို ရမ်းဗြဲသို့ မပို့ဘဲ ဖေဖော်ဝါရီ ၂၁ ရက်နိမာ ကျောက်ဖြူအခြီစိုက်ခမရ(၅၄၂)သို့ပို့ဆောင်ပနာ ကျောက်ဖြူဗျူဟာမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်က တပ်ရင်းမှူး သက်နိုင်ဝင်းနန့် အရာဟိတချို့ကို ဖမ်းဆီးလိုက်ပါရေ။
ယင်းနောက် ဖေဖော်ဝါရီ ၂၃ ရက်နိမာတော့ ကျောက်ဖြူမာရောက်နီရေအနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကျုံပျော်အခြီစိုက် ခလရ(၃၆)တပ်ရင်းနန့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမ်းအခြီစိုက် ခမရ(၃၇၃)တပ်ရင်းတိပူးပေါင်းပနာ လီကြောင်းကနီလို့ စစ်ကူ ၁၂၀ ကို ရမ်းဗြဲသို့ချပီးခပါရေ။ ယင်းစစ်ကူစစ်ကြောင်းကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၂၄၊ ၂၅၊ ၂၆ သုံးရက်အတွင်းယှင်းလင်းရာ စစ်ကောင်စီစစ်ကူ ၈၀ ထက်မနည်း သုတ်သင်ယှင်းလင်းနိုင်ခပါရေ။
အတည်မပြုနိုင်သိမ့်ရေ စစ်သတင်းအရ အမိန့်မနာခံရေသက်နိုင်ဝင်းကို ကျောက်ဖြူ ခမရ(၅၄၂)အတွင်းမာ ယှင်းပစ်တေလို့ အတွင်းသတင်းတိက ဆိုပါရေ။
တချိန်တည်းမာ ရက္ခိုင့်တပ်တော်သုတ်သင်လို့သီဆုံးလားခရေ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကျုံပျော်အခြီစိုက်ခလရ (၃၆) က အရာဟိနန့်စစ်သည်တိအတွက် နာရီးနန့် ရက်လည်သပိတ်သွပ်ဖို့ မိသားစုတိက ပြင်ဆင်ရေခါ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မမှူးနန့် ဗျူဟာမှူးရို့က “အလောင်းမရသရွိ သီဆုံးရေလို့မပြောနိုင်၊ အဆက်အသွယ် ပြတ်တောက်စွာရေအဆက်အသွယ် ပြတ်တောက်မှုရာဖြစ်တေလို့ဆိုပနာ နာရီးရက်လည်၊ သပိတ်သွပ်ဖို့ကို တားမြစ်ပိတ်ပင်ခပါရေ။ ယင်းအတွက် ခလရ(၃၆) တပ်ရင်းက သီဆုံးတပ်ဖွဲ့ဝင်တိ၏ မိသားစုတိနန့်စစ်ဌာနချုပ်ကြား တင်းမာမှုမြင့်မားလို့ဟိနီပါရေ။
ယင်းအပြင် ရက္ခိုင့်တပ်တော်စွာ ရမ်းဗြဲမြို့၊ သိမ်တောင် ဘုရားကုန်းမာ အခြီပြုထားခရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိကို လက်နက်ချအညံ့ခံကတ်ဖို့ အကြိမ်ကြိမ် တိုက်တွန်းခပါရေ။ လက်နက်ချအညံ့ခံကေ အသက်ချမ်းသာခွင့်ရပြီး မိသားစုဝင်တိနန့် တတူနီထိုင်ခွင့်ရဖို့၊ အကယ်တန္တိလက်နက်ချအညံ့မခံပါက ထိုးစစ်ဆင်တိုက်ခိုက်လားဖို့လို့လည်း ရက္ခိုင့်တပ်တော်က အတန်တန် သတိပီးခပါရေ။
ရမ်းဗြဲမြို့ သိမ်တောင်ဘုရားကုန်းမာဟိရေ ရမ်းဗြဲမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ရက္ခိုင့်တပ်တော်ဘားမာ လက်နက်ချဖို့ကြိုးစားခကေလေ့ အာဏာရူးအထက်အရာဟိ လက်တဆုပ်စာလူတစု၏ ရက်စက်ယုတ်မာ၊ လူမဆန်စွာဖိနှိပ်ထိန်းချုပ်မှုအောက်က ရုန်းထွက် လွတ်မြောက်နိုင်စွမ်း မဟိခကတ်ပါ။ သိမ်တောင်ကုန်းထက်မာဟိရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ တိုက်ပွဲမာကျလို့ သီဆုံးခရေလူတိဟိပိုင်၊ သောက်သုံးရီလုံးဝပြတ်လပ်၊ အစာရီစာ ငတ်ပြတ်လို့သီဆုံးလားခလူတိ၊ဒဏ်ရာရပြီး ဆီးကုခွင့်မရဘဲပုပ်ပွလောက်ကျသီဆုံးခရလူတိအပြင် နောက်ဆုံးမခံနိုင်လို့ တောင်ထက်က ခုန်ချပနာ ကိုယ့်စွာကိုယ်သတ်သီ လားခလူတိလည်းဟိခပါရေ။
အာဏာရမက်ငန်းငန်းတက်ပနာ အာဏာကို လက်မလွှတ်တမ်းဆုပ်ကိုင်လိုရေ လက်တဆုပ်စာလူတစု၏ အာဏာရူးသားကောင်တိဖြစ်ခရရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိ၏ နောက်ဆုံး ဇာတ်သိမ်းမလှခကတ်တေ ဘဝသရုပ်ကို ရမ်းဗြဲတိုက်ပွဲက ပုံဖော်ပြသပီးခပါရေ။
လက်ဟိမာ ရမ္မာဝတီ-ရမ်းဗြဲမြို့ကို သိမ်းပိုက်ထားရေ ရက္ခိုင့်တပ်တော်အနီနန့် ရမ်းဗြဲမြို့နယ်အတွင်း ကစဉ့်ကလျား ခွီးဗြီးဝက်ဗြီး ပတ်ဗြီးနီရေ စစ်ကောင်စီလက်ကျန်တပ်ဖွဲ့ဝင်တိကို နယ်မြီးယှင်းလင်းရီးလုပ်လို့ဟိပါရေ။
အတည်မပြုနိုင်သိမ့်ရေ သတင်းတိအရ မာ့ချ် ၁၂ ရက်နိက ရမ်းဗြဲမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လီကြောင်းနန့် လာရောက် ဗုံးကြဲ၊ ပစ်ခတ်ခရေခါ ကြောက်လန့်တကြား ကစဉ့်ကလျားထွက်ဗြီးနီကတ်တေ သူရို့စစ်ကောင်စီလက်ကျန်တပ်ဖွဲ့ဝင်တချို့ပါ ထိခိုက်သီဆုံးမှုဟိခရေလို့ သိရပါရေ။
မင်းအောင်လှိုင် အပါအဝင်အကြမ်းဖက်စစ်ကောင်စီထိပ်ပိုင်းဂေါင်းဆောင်တိစွာ သူရို့အာဏာတည်မြဲရီးအတွက် လက်အောက်ငယ်သားတိကို ကျားပါးစပ်ထဲ အတင်းအဓမ္မ ထိုးထည့်ဖို့ဝန်မလီးရေပိုင် အာဏာရူးသားကောင်တိဖြစ်တေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိကလည်း “မစားရ ဝခမန်း” လစာတဆုပ်စာချေနန့် အသက်ကိုရင်းလို့ တိုက်ပွဲဝင်ယင်း နီစဉ်ရက်ဆက်သီဆုံးနီကတ်ရပါရေ။ စစ်မတိုက်ကေလေ့ အရေးယူခံရဖို့ပိုင် စစ်တိုက်ပြန်ကေလေ့ ငုတ်စတုံး သီနီကတ်ရပါရေ။
အသက်လုထွက်ဗြီးနီရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိအနီနန့် အချိန်မီ လက်နက်ချအညံ့ခံကေ သက်သာဖို့၊ မဟုတ်ကေ ရှိတိုးလည်း သီဖို့၊ နောက်ဆုတ်လည်း သီဖို့၊ ဘေးထွက်ခံလည်းသီဖို့၊ “သီရုံမှ တပါး အခြားမဟိ”ဆိုစွာ သိချိန်လွန်နီပြီးဖြစ်ပါရေ။
ရက္ခိုင့်တပ်တော်အနီနန့်လည်း ရက္ခိုင်တပြည်လုံး တိုက်ခိုက်သိမ်းပိုက်ဖို့လို့ကြေညာထားရေအတိုင်း နောက်လာဖို့နိရက်တိမာ စခန်းသိမ်း၊ မြို့သိမ်းအောင်ပွဲတိကို တခုပြီး တခု မြင်လာရဖို့ပိုင် အခြားတဖက်မာ အကြမ်းဖက် စစ်ကောင်စီအတွက်ကတော့ ရက္ခိုင်ပြည်စွာ စစ်ကောင်စီ၏ မရဏသင်္ချိုင်း (သို့မဟုတ်) စစ်ကောင်စီ၏သီပန်းပွင့်ရာမြီ ဖြစ်လာနီစွာကတော့ မြီကြီးလက်ခတ်မလွဲ အသေအချာပင် ဖြစ်ပါရေ။
ရဲဘော် ထွန်းစိန်