APM ၊ မာ့ချ် ၁၄ / ၂၀၂၄
ဒေနိ၊မာ့ချ် ၁၄ ရက်နိ၊ နိခင်းက ကျောက်ဖြူမြို့နယ်မာ တိုက်ပွဲဖြစ်ပွားခြင်း မဟိပါဘဲ အကြမ်းဖက်စစ်ကောင်စီစွာ အရပ်သားပြည်သူရို့နီထိုင်ရာ မြို့ရွာတိကို ဂျက်ဖိုက်တာတစီးနန့် လာရောက် ပစ်ခတ်တိုက်ခိုက်ခလို့ အပြစ်မဲ့သက်ကြီးပိုင်းအမျိုးသမီးတယောက် သီဆုံးလားရပြီးကေ၊ ၎င်း၏ ခင်ပွန်းဖြစ်သူမာလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလားကြောင်း သိဟိရပါရေ။
သီဆုံးလားခသူစွာ ကျောက်ဖြူမြို့နယ်၊ စနဲတိုက်နယ်၊ ပြုံးပြဲရွာက ဒေါ်စိန်တင်ဖြူ( ၇၂နှစ်)ဖြစ်ပြီးကေ၊ ဒဏ်ရာရလားရေလားလူကတော့ ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးမောင်ကျော်ထွန်း(၇၈ နှစ်) ဖြစ်ပါရေ။
ဒေနိ၊ မာ့ချ် ၁၄ ရက်နိ၊ နိခင်း ၁ နာရီ၊ မိနစ် ၅၀ လောက်မာ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစွာမဟိပါဘဲ အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစီးစွာ ပြုံးပြဲရွာသို့ လာရောက် ပစ်ခတ်တိုက်ခိုက်ခရေလို့ ရွာသားတိက ပြောပါရေ။
အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြုံးပြဲရွာထဲဟိ ဦးမောင်ကျော်ထွန်း၏ နီအိမ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲပနာ အိမ်ထဲမာဟိနီရေ ဒေါ်စိန်တင်ဖြူစွာ နီရာမာပင် ဂွင်ချင်း သီဆုံးလားပြီးကေ ဦးမောင်ကျော်ထွန်းလည်း ဘယ်ဖက်ဒူးအထက် ကျည်စထိမှန်ဒဏ်ရာတိ ပြင်းပြင်းထန်ထန်ရလားရေလို့ သိရပါရေ။
ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်အတွင်း တပ်ပျက်၊ သွီးပျက်ဖြစ်ပနာ အသက်ထွက်မတတ် ကြောက်လန့်နီရေ အကြမ်းဖက်စစ်ကောင်စီစွာ ရက္ခိုင်ပြည်အတွင်း စစ်ရီးနန့်မသက်ဆိုင်ရေ အရပ်သားပြည်သူရို့နီထိုင်ရာ မြို့ရွာတိကို လီကြောင်း၊ ရီကြောင်းကနီ လူမဆန်စွာ အငြိုးတကြီး အင်တိုက်အားတိုက် ပစ်ခတ်တိုက်ခိုက်လို့ ဟိနီလီပါရေ။