
APM ၊ မာ့ချ် ၁၄ /၂၀၂၄
ဒေနိ၊ မာ့ချ် ၁၄ ရက်နိ၊ မိုးထ ၉ နာရီ ၄၀ မိနစ်မာကျောက် ဖြူမြို့နယ်က ဒေသခံအရပ်သားပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးလားကြောင်း သိရပါရေ။
အဖမ်းခံရရေလူတိကတော့ ကျောက်ဖြူမြို့နယ်၊မင်းရပ်တိုက်နယ်၊သဒွတ္တိန်ရွာကဦးမောင်ရွှီ(၃၅နှစ်)၊ဦးအေးမောင်သန်း( ၄၈ နှစ်)၊ ဦးမောင်သာအေး( ၃၄ နှစ်)နန့် သစ်ပုတ်တောင်တိုက်နယ်၊ ကြတ္တိန်ရွာက ဦးကျော်မြင့်(၅၅နှစ်) ရို့ ဖြစ်ကတ်ပါရေ။
မာ့ချ် ၁၄ ရက်နိ မိုးထ ၉ နာရီ ၄၀ မိနစ် အချိန်လောက်က ဦးမောင်ရွှီ၊ ဦးအေးမောင်သန်းနန့် ဦးမောင်သာအေး ရို့ ၃ ယောက်စွာ သဒွတ္တိန်ရွာကနီ စနဲတိုက်နယ်၊ အဝပြင်ရွာသို့ အုန်း(ဓနိ)ဝယ်ဖို့ ကားတစီးနန့်လားကတ်တေခါ သစ်ပုတ်တောင်တိုက်နယ်၊ သစ်ပုတ်တောင်လမ်းခွဲသို့အရောက် ယင်းအနားတဝိုက်မာ ကင်းပုန်းဝပ်နီရေ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၅ ယောက်လောက်က မတရား ဖမ်းလားစွာ ဖြစ်ပါရေ။
အလားတူ မာ့ချ် ၁၄ ရက်နိ တရက်တည်း တချိန်တည်းမာ သစ်ပုတ်တောင်တိုက်နယ်၊ ကြတ္တိန်ရွာက ဦးကျော်မြင့်ကိုလည်း သစ်ပုတ်တောင်တိုက်နယ်၊ သစ်ပုတ်တောင်လမ်းခွဲမာပင် စစ်ဆီးရီးလုပ်နီရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိက ဖမ်းဆီးခပါရေ။
ယင်းနောက် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ သူရို့ဖမ်းထားရေ ယင်းဒေသခံ ၄ယောက်ကိုသစ်ပုတ်တောင်လမ်းခွဲမာပင် တနိခင်းလုံး လူမဆန်စွာ နီပူလှမ်းထားပနာညဇာပိုင်းရောက်ခါမှ ကျောက်ဖြူမြို့သို့ ယူလားခရေလို့မျက်မြင် ဒေသခံတိက ပြောပါရေ။
ဒေနိ မိုးထ ၁၁ နာရီအချိန်လောက်ကလည်း အကြမ်းဖက်စစ်ကောင်စီစွာ ကျောက်ဖြူမြို့နယ် ကျန်းမာရီးဦးစီးဌာနက ရုံးစာရီး တယောက်ကို ဖမ်းဆီးလားခပါသိမ့်ရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်AA နန့် ရင်ဆိုင်တိုက်ပွဲတိအတွင်း အယှုံးနန့် ဆိုးဝါးစွာ ရင်ဆိုင်နီရရေ စစ်ယှုံးစစ်ကောင်စီစွာ အပြစ်မဲ့ ပြည်သူတိအပေါ် မတရားဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ်စွာတိကို နိစဉ်ရက်ဆက် ပြုလုပ်ပနာ စစ်ရာဇဝတ်မှုတိကို ဗြောင်ကျကျလက်ရဲဇက်ရဲ ကျူးလွန် လို့ဟိနီပါရေ။
