APM ၊ မာ့ချ် ၁၄ / ၂၀၂၃
နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် ကျောက်တော်မှ လူထုဇော်ဝင်း အပါအဝင် ဒေသခံ ၃ ယောက်အမှုကို ဒေနိ(မာ့ချ် ၁၄ ရက်နိ)၌ ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခကေလေ့ မစစ်ဟု သိရသည်။
ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်ရို့ ဖြစ်ကတ်သည်။
အမှုကို ကုန်ခသည့် ဖေဖော်ဝါရီ ၂၈ ရက်နိရုံးချိန်းက ဒေနိတွင် လျှောက်လဲချက်တင်မည်ဟု ချိန်းဆိုထားခြင်းဖြစ်ပြီး ဒေနိရုံးချိန်းမှာ တရားသူကြီးက တစုံတရာ ပြောဆိုခခြင်းမဟိဘဲ လာမည့် မာ့ချ် ၂၈ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျုန်လ၌ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဦးဇော်ဝင်း၊ ဦးကျော်သန်းမောင်နန့် ကိုဇော်မိုးထက် ရို့ကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခပြီး၊ ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၃ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။