APM ၊ မာ့ချ် ၁၄ / ၂၀၂၃
ကိုဗစ်ကြောင့် ၃ နှစ်ကျော်ကြာ ကန့်သတ်ထားသည့် ခရီးလားလာမှုကို ပထမဆုံးအကြိမ်အဖြစ် လာမည့် မာ့ချ် ၁၅ ရက်နိမှစ၍ နိုင်ငံခြားသားများအတွက် ပြည်ဝင်ခွင့် ဗီဇာများထုတ်ပီးလားမည်ဟု တရုတ်နိုင်ငံခြားရီးဝန်ကြီးဌာနက ကြေညာသည်။
နိုင်ငံခြားရီးဝန်ကြီးဌာနမှ အတည်ပြုထားသည့် ဗီဇာသစ်များအပြင်၊ သက်တမ်းကျန်ဟိနီသည့် ၂၀၂၀ ခုနှစ်၊ မာ့ချ် ၂၈ ရက်နိ မတိုင်ခင်အထိ ဗီဇာထုတ်ပီးထားသူများကို တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဆို သည်။
ပြည်ပဟိတရုတ်သံရုံးဝက်ဆိုဒ်များတွင်လေ့ ၎င်းကြေညာချက်အား ဖော်ပြထားပြီး၊ကုန်ခသည့်လကလေ့ အာဏာပိုင်များက ကိုဗစ်ကို အောင်မြင်စွာထိန်းချုပ်နိုင်ကြောင်း ကြေညာခသိမ့်သည်။
ယင်းနောက် ချမှတ်ထားခသည့် နယ်စပ်ဖြတ်ကျော်ထိန်းချုပ်မှု စည်းမျဉ်းများကို နောက်ဆုံး ဒေဂုပိုင် ဖယ်ယှားလိုက်ခြင်းဖြစ်သည်။
ကိုဗစ်ရောဂါမဖြစ်ပွားမီ တရုတ်နိုင်ငံဟိ ချန်ဟိုင်းမြို့အပါအဝင် ဗီဇာမလိုသည့်ခရီးလားဧရိယာများကို အယင်အတိုင်း ဗီဇာ မလိုဘဲ ဝင်ခွင့်ပီးလားမည် ဖြစ်ပြီး၊ဟောင်ကောင်၊ မကာအိုနန့် အာဆီယံဒေသတွင်း နိုင်ငံတချို့မှ ခရီး လားများအတွက် ဗီဇာကင်း လွတ်ခွင့်ပြုလားမည်ဟုလေ့ ဆိုသည်။
ယင်းအပြင် တရုတ်သည် ခရီးလားလုပ်ငန်းအပေါ် ထိန်းချုပ်မှုလျှော့ပေါ့ပီးသည့်အနီနန့် ဒေဂုဗီဇာထုတ်ပီးလားမည့် နိုင်ငံများထဲတွင် အယင်ကဟိပြီးသား နိုင်ငံ ၄၀ မှ နိုင်ငံ၆၀အထိ တိုးမြှင့်လိုက်သည်။
အဆိုပါ ဗီဇာထုတ်ပီးမည့်စာရင်းတွင် ဂျပန်၊ တောင်ကိုရီးယား၊ သြစတြီးယားနန့် အမေရိကန်နိုင်ငံရို့မပါဝင်ကြောင်း သိရသည်။
ကုလသမဂ္ဂ ကမ္ဘာလှည့်ခရီးလားလုပ်ငန်းအဖွဲ့၏ အချက်အလက်များအရ ကိုဗစ်မဖြစ်ပွားခင် ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံသို့ နိုင်ငံတကာမှ ခရီးလား ၉၇.၉ သန်း လာရောက်ခကြောင်း သိဟိရသည်။
Source – China to reopen borders to foreign tourists for first time since 2020
Photo – Reuters