APM ၊ မာ့ချ် ၁၄ / ၂၀၂၃
အချက်အလက်မမှန်သည့် ဖုန်းဆင်းကဒ်များ ရက်ပေါင်း ၉၀ အတွင်း ပြန်၍မှတ်ပုံမတင်လျှင် အပြီးပိတ်သိမ်းလား မည်ဟု စစ်ကောင်စီ၏ ဆက်သွယ်ရီးညွှန်ကြားမှု ဦးစီးဌာနက မာ့ချ် ၁၃ ရက်နိတွင် ကြေညာသည်။
လက်ဟိတွင် မှတ်ပုံတင်ထားသည့် ဖုန်းကဒ်များမှ အမည်/ နိုင်ငံသားစိစစ်ရီးအမှတ်စသည့် အချက်အလက်များကို လူဝင်မှုကြီးကြပ်ရီးနန့် ပြည်သူ့အင်အားဝန်ကြီးဌာနက စစ်ဆီးနီကြောင်း၊ စစ်ဆေးမှုပြုလုပ်ပြီး မှန်ကန်မှုမဟိသည့် ဆင်းကဒ်များထံသို့ ရက်ပေါင်း ၃၀ အတွင်း ပြန်လည်မှတ်ပုံတင်နိုင်ရန် အသိပီးစာတို (SMS) ပီးပို့လားမည်ဟု ဆိုသည်။
ယင်းသို့အသိပီးစာရောက်ပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံသားစိစစ်ရီးကဒ်အမှန်နန့် မှတ်ပုံမတင်သည့် ဆင်းကဒ်များအား ဖုန်းပြောခြင်း၊ စာတိုပို့ခြင်း၊ ဒေတာအသုံးပြုခြင်းများကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး ယင်းသို့ရပ်ဆိုင်းထား သည့်အချိန်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြန်လည်ပြင်ဆင်မှတ်ပုံမတင်သည့် ဆင်းကဒ်များကိုအပြီး ပိတ်သိမ်းလားမည်ဟု သိရသည်။
ယင်းကြောင့် ဆင်းကဒ်သုံးစွဲသူများအနီနန့် ဆင်းကဒ်များကို သက်ဆိုင်ရာ အရောင်းဆိုင်များ၊ အက်ပလီကေးသျှင်းများနန့် ဝက်ဆိုဒ်များတွင် နိုင်ငံသားစိစစ်ရီးကဒ်နန့် ပြန်လည်မှတ်ပုံတင်နိုင်ကြောင်း အသိပီးကြေညာထားသည်။
Photo – Online