
APM ၊ မာ့ချ် ၁၄ / ၂၀၂၃
မန်ယူသည် ဆောက်သမ်တန်အသင်းနန့် ဂိုးမဟိသရေကျခသည့်ပွဲတွင် အနီကဒ်ပြခံခရသည့် အသင်း၏ ကွင်းလယ် ကဇတ် သမား ကတ်စ်မဲရိုးအတွက် အယူခံမဝင်ဟု မာ့ချ် ၁၃ ရက်နိတွင် အသင်းမှဆိုသည်။
အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကဇတ်သမား ကတ်စ်မဲရိုးသည် ဒေဂုရာသီအတွင်း နှစ်ကြိမ်အနီကဒ်ပြခံခရပြီး၊ ဒေဂု ဒုတိယအကြိမ်အနီကတ်ပြခံရရာတွင် ပြည်တွင်း လိဂ် ၄ ပွဲလေ့ အပယ် ခံထားရသည်။
အဆိုပါပွဲစဉ်ကို ကိုင်တွယ်ခသည့် ကွင်းလယ်ဒိုင် အန်တိုနီတေလာသည် အစပိုင်းတွင် အနီကဒ်ပြရန် ဆန္ဒမဟိခကေလေ့ VAR ဖြင့် ပြန်လည်စီစစ်ကာ လက်ထောက်ဒိုင်၏ အကြံပီးချက်အရ ကွင်းဘေးမှ မော်နီတာကို လားကြည့် ၍ အနီကဒ်ပြ ထုတ်ပယ်ခခြင်းဖြစ်သည်။
“ကတ်စ်မဲရိုးက ဥရောပလိဂ်မှာ ပြိုင်ပွဲစုံ ၅၀၀ ကျော်ကဇတ်ခရေ အနီကဒ်တခါလေ့အပြမခံဖူးခ ဒေမှာသို့ရောက်ပြီး မှ နှစ်ခါအပြခံရဗျာယ်။ သူကခက်ခက်ခဲခဲ ကဇတ်တတ်ကေလေ့ မျှတရေကဇတ်သမား တယောက် ပါ” ဟု မန်ယူ နည်းပြ တန်ဟက်ဂ်က ဆိုသည်။
ယင်းအပြင် တန်ဟက်ဂ်က “ဒေအနီကဒ်နန့်ပတ်သက်လို့ ဘောလုံးအကြောင်းကို ပရော်ဖက်သျှင်နယ်ကျကျ သိရေ လူတိုင်း ဇာအမှန်၊ ဇာအမှား၊ ဇာကတရားမျှတမှုဟိ မဟိဆိုစွာ ကို အားလုံးသိမြင်နိုင်ဖို့ထင်ပါရေ” ဟု ထပ်လောင်း ပြောကြားခသည်။
ကတ်စ်မဲရိုးသည် ဆောက်သမ်တန်နန့် ပွဲတွင်အနီကဒ်ပြခံရသည့်အတွက် ဖူလ်ဟမ်၊ နယူးကာဆယ်၊ ဘရန့်ဖို့ဒ် နန့် အဲဗာတန်ရို့၏ ပွဲစဉ်များကို ကတ်စ်မဲရိုးလွဲ ချော်ရမည်ဖြစ်သည်။
Source – Man Utd announced that they will not appeal against the red card of Katsman Roe
Photo – Getty Images
