APM ၊ မာ့ချ် ၁၄ / ၂၀၂၃
ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဖီးယှောင်စခန်းတွင် လတ်တလော စားနပ်ရိက္ခာနန့်အခြီခံလူသုံးကုန်ပစ္စည်း အရေးပေါ်လိုအပ်လျက်ဟိကြောင်းသိရသည်။
အဆိုပါ စစ်ဖီးယှောင်စခန်း၌ ခိုလှုံနီကတ်သူများမှာ ပြီးခသည့် ၂၀၁၈/ ၁၉ တိုက် ပွဲကာလကပင် နီရပ်စွန့်ခွာ တိမ်းယှောင်လာကတ်သူများဖြစ်ပြီး၊ အများစုမှာ ယိုးချောင်းဒေသမှ ဒေသခံများ ဖြစ်ကတ်သည်။
လက်ဟိအချိန်အထိလေ့ မြန်မာစစ်တပ်မှ ၎င်းရို့၏ရွာအနားပတ်ဝန်းကျင်၌ ဆက်လက် တပ်စွဲနီရာယူထားပြီး၊ မိုင်းအန္တရာယ် အပါအဝင် စိုးရိမ်ရခြင်းများကြောင့် မိမိနီရပ်သို့ မပြန်ဝံ့သိမ့်ဘဲ စစ်ဖီးယှောင်စခန်းမှာ ခိုလှုံနီကတ်ရကာ စားဝတ်နီရီးအခက် အခဲများနန့် ရင်ဆိုင်နီကတ်ရကြောင်း စစ်ဖီးယှောင်များ ပြောသည်။
စစ်ဖီးယှောင်အများစုမှာ ကြုံရာကျဗန်းအလုပ်လုပ်ကာ စားဝတ်နီရီးအတွက် ဖြစ်ပိုင် ရုန်းကန်ကတ်ရပြီး၊ ကုန်ဈီးနှုန်းများ အဆမတန်တက်နီ၍ အဆင်မပြေမှုပေါင်းများစွာကို ဆိုးဝါးစွာရင်ဆိုင်နီကတ်ရသည်ဟု ဆိုသည်။
ယင်းအပြင် ယင်းစစ်ဖီးယှောင်စခန်းဟိ ယာယီအဆောင်များမှာလေ့ နှစ်ကာလ ကြာလာ၍ ပျက်စီယိုယွင်းလာနီကာ မိုးမကျခင်ပြုပြင်ရန်လိုအပ်နီပြီး အချေများနန့် သက်ကြီးရွယ်အိုများအတွက်လေ့ ကျမ်းမာရီးစောင့်ယှောက်မှုများ လိုအပ်နီသည့်အပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် တခြားအခြီခံလူသုံးကုန်ပစ္စည်းများလေ့ အရေးပေါ်လိုအပ်လျက်ဟိသည်။
ဝါးတောင်စစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၁၅၆ စု၊ လူဦးရေ ၈၉၁ ယောက်ဟိပြီး ကျောက်တော်မြို့နယ် ယိုးချောင်းဒေသဟိ ခမောင်း၊ သိန်းချောင်း၊ သဲဝ၊ ကဘိ၊ ပညာကြီး၊ င/စရိုင်းကြီး စသည့်ကျေးရွာများမှ ဒေသခံများ ဖြစ်ကတ်ကြောင်း သိဟိရပါသည်။