APM ၊ မာ့ချ် ၁၄ / ၂၀၂၃
အာဖရိကအရှိပိုင်း ကုန်းတွင်းပိတ်နိုင်ငံ မာလာဝီနိုင်ငံတွင် အပူပိုင်းဖရက်ဒီမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မာ့ချ် ၁၃ ရက်နိအထိ သီဆုံးသူ ၁၀၀ ခန့် ဟိလာကြောင်း သိရသည်။
မုန်တိုင်းသည် ပြီးခသည့် မာ့ချ် ၁၁ ရက်နိက တိုက်ခတ်ခပြီး၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဘလန်တီယာမြို့မှ လူ ၈၅ ယောက် အပါအဝင် မာလာဝီတနိုင်ငံလုံး ၁၀၀ နီးပါး သီဆုံးခကြောင်း ဖီးအန္တရာယ် စီမံခန့်ခွဲရီးဌာနက ဆိုသည်။
ဘလန်တီယာမြို့ဟိ ဗဟိုဆီးရုံတခုတည်းတွင် မြီပြိုကျခြင်းနန့် ရီကြီးခြင်းကြောင့် သီဆုံးသည့် ရုပ်အလောင်း ၆၀ နန့် ဒဏ်ရာရသူ ၂၀၀ ခန့် ဟိကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က ပြောသည်။
အလားတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုဇမ်ဘစ်နိုင်ငံ၊ ဇမ်ဘီယာပြည်နယ်တွင်လေ့ အနည်းဆုံး လူ ၁၀ ယောက် ထက်မနည်း သီဆုံးခ ကြောင်း သဘာဝဖီးအန္တရာယ် စီမံခန့်ခွဲရီးဌာနမှ အတည်ပြုပြောကြားထားသည်။
အဆိုပါ အပူပိုင်းဖရက်ဒီမုန်တိုင်းသည် မာလာဝီနိုင်ငံနန့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မိုဇမ်ဘစ်နန့် မဒါဂတ်စကာ နိုင်ငံရို့ကို ပြီးခသည့် ဖေဖော်ဝါရီလကုန်ခန့်မှစ၍ တိုက်ခတ်ခခြင်းဖြစ်ပြီး လက်ဟိအချိန်အထိ သီဆုံးသူ စုစုပေါင်း ၁၃၆ ယောက် ဟိလာကြောင်း သိရသည်။
Source – Death toll over 100 as Cyclone Freddy returns to Mozambique and Malawi
Photo – Reuters