
APM ၊ ဖေဖော်ဝါရီ ၁၄ / ၂၀၂၅
မင်းပြားမြို့နယ်မာ ဖေဖော်ဝါရီ ၁၃ ရက်နိ၊ ညဇာပိုင်းက ပေါ့ဆမှုကြောင့် မီးလောင်မှုတခုဖြစ်လို့ အိမ် ၄ ဆောင် ပြာကျလားကြောင်း ဒေသခံတိက ပြောပါရေ။
မီးလောင်ပြာကျလားခရေ အိမ်တိကတော့ မင်းပြားမြို့နယ်၊ လက်မ(မူဆလင်)ရွာက အာလီအာမောက်(၄၂ နှစ်)၊ နူဟုဆင် (၃၀ နှစ်)၊ ရှောင်ရှုအာလောင် (၄၄ နှစ်)နန့် ခါမာလုဆောင်း (၇၅ နှစ်)ရို့၏ နီအိမ်တိဖြစ်ကတ်ပါရေ။
ဖေဖော်ဝါရီ ၁၃ ရက်နိ၊ ညဇာ ၄ နာရီ မိနစ် ၄၀ လောက်မာ အာလီအာမောက်၏အိမ် မီးဖို မီးကြွင်းမီးကျန်တိကတဆင့် မီးစတင်လောင်ကျွမ်းခရေလို့ ရွာသားတယောက်က Arakan Princess Media ကိုပြောပါရေ။
ယင်းမီးလောင်မှုကြောင့် အာလီအာမောက်၏ အိမ်အပါအဝင် အိမ်နားပါးချင်းဖြစ်ကတ်တေ နူဟုဆင်၊ ရှောင်ရှုအာလောင်နန့် ခါမာလုဆောင်း ရို့၏ အိမ်တိလည်း မီးလောင်ပြာကျလားရေလို့ ဆိုပါရေ။
ယင်းအပြင် ခါမာလုဆောင်းပိုင်ဆိုင်ရေ စပါးကျီတလုံးနန့် နွားရုံတရုံ မီးထဲပါလားရေလို့ သိရပါရေ။
မီးလောင်မှုကိုတော့ ရပ်သူရွာသားတိ၏ ဝိုင်းဝန်းကူညီငြိမ်းသတ်မှုကြောင့် ယင်းနိ ညဇာ ၅ နာရီကျော်လောက်မာ မီးငြိမ်းလားကြောင်း သိရပါရေ။
လက်ဟိမာ မီးစတင်လောင်ကျွမ်းခရေ အိမ်၏ ပိုင်သျှင်ဖြစ်သူ အာလီအာမောက်ကို သက်ဆိုင်ရာက ဥပဒေနန့်အညီ အရေးယူ စိစစ် ဆောင်ရွက်လို့ဟိကြောင်း သိရပါရေ။
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရအနီနန့်လည်း ကရို့အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားရေ မြို့၊ ရွာ၊ ဒေသတိမာ ပြည်သူရို့ မီးဖီးအန္တရာယ် ကင်းဝီးစီဖို့အတွက် မီးဖီးအန္တရာယ် ကြိုတင်ကာကွယ်ရီးသတိပီးစွာတိ၊ အာရက္ခပြည်သူရို့အနီနန့် မီးဖီးအန္တရာယ် မပေါ့ဆကတ်ဖို့နန့် မီးဖီးနန့်ပတ်သက်တေ ယှောင်ရန်၊ ဆောင်ရန်အချက်တိကို သတိပီး ဆော်ဩ တိုက်တွန်းနှိုးဆော် ထားပါရေ။
Photo – Golden Era Media









