APM ၊ ဖေဖော်ဝါရီ ၁၄ / ၂၀၂၃
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ဟိ ညောင်လေးပင်ဘူတာရုံမှာ ဖေဖော်ဝါရီ ၁၃ ရက်နိက မိုင်းပေါက်ကွဲမှုအတွင်း လူ ၃ ယောက်သီဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရလားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ညောင်လေးပင်ဘူတာရုံဟိ အမှတ်(၁)စင်္ကြံပလက်ဖောင်းထက်၌ ဖေဖော်ဝါရီ ၁၃ ရက်နိ၊ နိခင်း ၁၂ နာရီခွဲခန့်တွင် မိုင်းပေါက်ကွဲ ခခြင်းဖြစ်သည်။
မိုင်းပေါက်ကွဲမှုကြောင့် ဘူတာရုံ၌ ဟိနီသည့် အမျိုးသား ၁ ယောက်နန့် အမျိုးသမီး ၁ ယောက်သီဆုံးလားကာ ဒဏ်ရာရသူ ၁၀ ယောက်ဟိခပြီး ယင်းဒဏ်ရာရသူများထဲမှ ဆီးရုံသို့ ပိုဆောင်စဉ်နောက်ထပ် အမျိုးသမီး ၁ ယောက် ထပ်မံသီဆုံးလားခသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရဟိသူများမှာ ညောင်လေးပင် မြို့မှ ၂ ဦးဖြစ်ပြီး၊ တခြားသီဆုံးသူ ၃ ယောက် နန့် ထိခိုက်ဒဏ်ရာရသူများမှာ ညောင်လေးပင်မြို့ခံများမဟုတ်ဘဲ ဘူတာရုံတွင် ဈီးရောင်းနီကတ်သည့် တခြားဒေသမှ အရပ်သား များဖြစ်ကြောင်း သိရသည်။
မိုင်းဖောက်ခွဲမှုကို PDF များပြုလုပ်ခသည်ဟု စစ်ကောင်စီ၏ မြဝတီသတင်းဌာနတွင် ဖော်ပြထားကေလေ့ အတည်မပြုနိုင်သိမ့်ကြောင်းသိဟိရပါသည်။
Photo – စစ်ကောင်စီ ပြန်ကြားရီး