APM ၊ ဒီဇမ်ဘာ ၁၄ / ၂၀၂၃
စစ်ကောင်စီစွာ ဒီဇမ်ဘာ ၁၃ ရက်နိ၊ ညဇာ ၄ နာရီ ၂၈ မိနစ်လောက်မာ မြောက်ဦးမြို့ ရှေးဟောင်းသမိုင်းဝင်နယ်မြီအတွင်းဟိ သာသနိက အဆောက်အအုံတိကို လီကြောင်းကနီ MI 35 တိုက်ခိုက်ရီးရဟတ်ယာဉ်နန့် ပစ်ခတ်ခကြောင်း ညီနောင် မဟာမိတ် (၃) ဖွဲ့က ဒီဇမ်ဘာ ၁၃ ရက်နိ၊ ညည့် ၁၂ နာရီမာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ စစ်ကောင်စီရေ ဒီဇမ်ဘာ ၁၃ ရက်နိ၊ ညဇာ ၄ နာရီ ၂၈ မိနစ်လောက်မာ မြောက်ဦးမြို့ ရှေးဟောင်း သမိုင်းဝင်နယ်မြီအတွင်းက သာသနိက အဆောက်အအုံတိကို Mi35 တိုက်ခိုက်ရီး ရဟတ်ယာဉ်သုံးလို့ ပစ်ခတ်ခရေအတွက် ရှေးဟောင်းသမိုင်းဝင်နယ်မြီအတွင်းဟိ ရတနာ့မာန်အောင်စေတီ၊ ဘုရားသိမ်တော်ကြီးနန့် ဘုန်းကြီးကျောင်းရို့ကို ထိမှန်ခပနာ ပျက်စီးမှုတချို့ဟိခရေ လို့ ဖော်ပြထားပါရေ။
အလားတူ မြောက်ဦးမြို့၊ မင်္ဂလမာရ်အောင်အထက်ဖက်တောင်ကြောတလျှောက်၊ သက္ကျမာရ် အောင်ဘုရား အနားပတ်ဝန်း ကျင်တိနန့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအနားဟိ တောင်တန်းတလျှောက်ကိုလည်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် မှုတိ ပြုလုပ်ခရေလို့ ဆိုပါရေ။
ဒီဇမ်ဘာ ၁၃ ရက်နိ၊ မိုးထ ၁၀ နာရီ ၃၀မိနစ် အချိန်လောက်မာ မြေပုံမြို့နယ်၊ စညှင်းဝအနားလည်းကောင်း၊ ဒီဇင်ဘာ ၁၂ ရက်နိ၊ ညည့် ၇ နာရီ အချိန်လောက်မာ အမ်းမြို့နယ်၊ ကဇုကိုင်းတံတားအနားမာလည်းကောင်း ရက္ခိုင့်တပ်တော်(AA) နန့် စစ်ကောင်စီတပ်ရို့အကြားထိတွိတိုက်ပွဲဖြစ်ပွားခရေလို့ သိပါရေ။
စစ်ကောင်စီရေ ၎င်းရို့၏ အရေးပါရေနီရာတိ လက်မလွတ်ရီးနန့် မဆုံးယှုံးရရီးရို့အတွက် အသည်းအသန် တိုက်ခိုက်နီကေလေ့ အချည်းနှီးရာဖြစ်ခရေလို့ ညီနောင် (၃) ဖွဲ့က ဆိုပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၁၃ ရက်နိမိုးထ ၆ နာရီ အချိန်လောက်မာ စစ်တွေမြို့ဟိ မြို့မဈေးကြီးဆိပ်ကမ်းမာ ရပ်နားထား ရေဘုတ်၊ စက်လှီနန့်သမ္ဗာန်ချေတိကို စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင် (၆) ယောက်က လာရောက်ပနာ သီနတ်တိနန့် တမင်တကာခြောက်လှန့်ပစ်ခတ်ခပိုင် ဒီဇမ်ဘာ ၁၂ ရက်နိက စစ်တွေမြို့၊ ယင်းကိုးရီးယားဆိပ်ကမ်းအောက်မာတန့်ထားရေ စက်လှီ၊ သမ္ဗာန်လှီ ရို့က အမျိုးသမီး၊ အမျိုးသားတိ ပါဝင်ရေ အရပ်သားပြည်သူ စုစုပေါင်း (၅၃) ယောက်ကို အဓမ္မဖမ်းဆီးခေါ်ဆောင် လားခပါရေ။
ယင်းနည်းတူ ဒီဇမ်ဘာ ၁၃ ရက်နိ၊ နိခင်း ၁၁ နာ ရီအချိန်လောက်မာ အမ်းမြို့နယ်ဟိ စစ်ကောင်စီ အခြီစိုက် တပ်စခန်း တခုဖြစ်တေ ကဇုကိုင်း၊ တောဟိန်းတောင်တပ်စခန်းက လည်းကောင်း ၊ နိခင်း ၁ နာရီ အချိန်လောက်မာ စစ်တွေမြို့ဟိ စစ်ကောင်စီ၏ ပါဒလိတ်အခြီစိုက် ခမရ (၃၄၄) တပ်ရင်းက လည်းကောင်း၊ ဒီဇင်ဘာ ၁၂ ရက်နိ ညဇာ ၅ နာရီကျော် အချိန်လောက်က ပေါက်တောမြို့နယ်၊ ပွဲကြည့်တောင်မြစ်ဝမာ ရပ်နားထားရေ စစ်ကောင်စီ၏ နေဗီသင်္ဘောက လည်းကောင်း အရပ်သားပြည်သူရို့နီထိုင်ရာ ကျေးရွာတိသို့ ရည်ရွယ်ချက်ဟိဟိလည်း လက်နက်ကြီးနန့်ဦးတည် ပစ်ခတ်ခရေလို့ဆိုပါရေ။
ယင်းပိုင်ပစ်ခတ်မှုတိကြောင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု၊ အထက်ရွာဟောင်းရွာက အသက် ၅၄ နှစ်အရွယ် သက်ကြီးပိုင်းအမျိုးသားတယောက်မာ လက်နက်ကြီးစထိမှန်ဒဏ်ရာရဟိခပိုင် ပေါက်တောမြို့နယ်၊ တောင်းဖူး ကျေးရွာကလူနီအိမ် (၂) လုံးလည်းပျက်စီးဆုံးယှုံးခရရေလို့သိရပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၁၃ ရက်နိ မိုးထ ၁၀ နာရီ ၃၀ မိနစ် အချိန်လောက်မာ တအာင်းပြည်နယ်၊ မူဆယ်မြို့နယ်၊ အထက်တုန်ခန်ကျေးရွာနန့် နမ့်ခမ်ကျေးရွာကြားမာ ညီနောင် (၃) ဖွဲ့နန့် စစ်ကောင်စီတပ်ရို့ ထိတွိ တိုက်ပွဲဖြစ်ပွားခပြီးကေ တိုက်ပွဲဖြစ်နီချိန် စစ်ကောင်စီ၏ ဂျက်ဖိုက်တာရေ အထက်တုန်ခန်ကျေးရွာဖက်သို့ (၂) ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခရေလို့သိရပါရေ။
တအောင်းတပ်မတော်(TNLA)ရေ ဒီဇမ်ဘာ ၁၃ ရက်နိ၊ ညဇာ ၅ နာရီ ၄၀ မိနစ်အချိန်လောက်မာ တအာင်းပြည်နယ်၊ နမ့်ဆန်မြို့နယ်ဟိ စစ်ကောင်စီ၏ အချိုခြောက်စက်ရုံတပ်စခန်း ကို အပြီးသတ်ချေမှုန်းသိမ်းပိုက်ခရေလို့ သိရပါရေ။
ယင်းနည်းတူ ဒီဇင်ဘာ ၁၃ ရက်နိ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန်လောက်မာ ကွတ်ခိုင်မြို့နယ်အခြီစိုက် စစ်ကောင်စီ၏ ကွတ်ခိုင်စခန်း နန့် ညဇာ ၃ နာရီ ၂၅မိနစ် အချိန်လောက်မာ မန်တုံမြို့နယ် အခြီစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ (၁၃၀) တပ်စခန်း ရို့ကိုလည်း TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခပါရေ။
ညဇာ၃နာရီ၃၀မိနစ်အချိန်လောက်မာနမ့်ခမ်းမြို့နယ်၊ကွန်လုံ ကျေးရွာနန့် လွယ်မန်လုံကျေးရွာကြား၌ စစ်ကောင်စီ တပ်ရို့ကြား ထိတွိတိုက်ပွဲဖြစ်ပွားခရေလို့ ဆိုပါရေ။
စစ်ကောင်စီစွာ အချိုခြောက်စက်ရုံတပ်စခန်းသိမ်းတိုက်ပွဲမာ လက်နက်ကြီးနန့် (၁၁) ကြိမ်၊ မူဆယ်မြို့နယ်၊ ကောင်းရာ ကျေးရွာဖက်သို့ Y 12 လီယာဉ်နန့် (၂) ကြိမ်ဗုံး(၆)လုံးကြဲချခပိုင်၊ ကျောက်မဲမြို့နယ်အခြီစိုက် စစ်ကောင်စီတပ်စခန်းက အေသျှားဝေါဂိတ်သို့ လက်နက်ကြီးနန့် (၉) ကြိမ်၊ ဟိုစွန်ကျေးရွာ ဖက်သို့ လက်နက်ကြီးနန့် (၇) ကြိမ်၊ လားသျှိုး မြို့နယ်အခြီစိုက် စစ်ကောင်စီ၏ ၆၈ ဂိတ်တပ်စခန်း က အီနိုင်းကျေးရွာဖက်သို့ လက်နက်ကြီးနန့် (၈) ကြိမ် ပစ်ခတ်တိုက်ခိုက်ခရေလို့သိရပါရေ။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုတိအပြင် လီကြောင်းပစ်ခတ်တိုက်ခိုက်မှု တိကြောင့် နမ့်ဆန်မြို့နယ်မာ ဒေသခံ တယောက်သီဆုံးခပနာ စေတီပုထိုးနန့် နီအိမ်အချို့ မီးလောင်ပျက်စီးခရပိုင် အထက်မန်လွယ် ကျေးရွာမာ လက်နက်ကြီးကျည် (၈ ) လုံး ကျရောက် ပေါက်ကွဲခလို့ နီအိမ် ၂ လုံး၊ ပန်လောကျေးရွာမာ နီအိမ် ၇ လုံး ပျက်စီးခရေလို့ သိရပါရေ။
အလားတူကိုးကန့်တပ်မတော် (MNDAA) ၏ စစ်ဆင်ရီးလှုပ်ယှားရာနယ်မြီတိဖြစ်တေ ကိုးကန့်ဒေသအတွင်း သိမ်းပိုက်ရဟိထားရေ စစ်ကောင်စီစခန်းတိက ထွက်ဗြီးနီကတ်တေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ အသာတကြည် လက်နက်ချအညံ့မခံဘဲ ပြန်လို့ခုခံနီရေအတွက် ညီနောင်မဟာမိတ်အဖွဲ့တိဖက်က လိုက်လံယှင်းလင်းလျက်ဟိပိုင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တိရေ ၎င်းရို့ တပ်စခန်းတိကို စွန့်လွှတ်ခရေ အချိန်မာ မိုင်းထောင်ထားခြင်းတိကြောင့် ညီနောင်မဟာမိတ်အဖွဲ့တိက နယ်မြီယှင်းလင်းရီးတိ ဆောင်ရွက်နီချိန်မာ ပေါက်ကွဲမှုဖြစ်ပြီးကေ တပ်ဖွဲ့တချို့ ထိခိုက်ဒဏ်ရာရမှုတိဟိခရေလို့ဆိုပါရေ။
ယင်းအပြင် အာဏာလက်လွတ်ဖို့ လက်တလုံးအလိုသို့ ရောက်ဟိနီရေစစ်ကောင်စီစွာညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ရီးလှုပ်ယှားရာ နီရာတိကို တိုက်ခိုက်ခြင်းထက် တိုက်ပွဲနန့်မသက်ဆိုင်ရေ အရပ်သားပြည်သူတိ၊ လူနီအိမ်တိ၊ စေတီပုထိုး၊ ဘုရားကျောင်းကန်ရို့ကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ခြင်းတိ ဒေဂုရက်ပိုင်းမာဆက်တိုက်တွိလာနီရရေပိုင် စစ်ဆင်ရီး (၄၈) ရက်တာကာလအတွင်း တရက်မျှရပ်နားခြင်းမဟိရေ ညီနောင်မဟာမိတ်(၃)ဖွဲ့ ၏တိုက်ခိုက်မှုကြောင့် ပြည်သူလူထုကို ဒုက္ခပီးနီရေ စစ်ကောင်စီ၏ လက်နက်ကြီးကုန်းတိက လက်နက်ကြီး ပစ်ခတ်မှုတိစွာ အတိုင်းအတာတခုအထိ လျော့နည်း လားခကေလေ့ ကျန်ဟိနီသိမ့် ရေ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်နီရေ စခန်းတိကို ထပ်မံယှင်းလင်းဖို့လိုအပ်နီသိမ့်ရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။