APM ၊ ဒီဇမ်ဘာ ၁၄ / ၂၀၂၃
ဒီဇမ်ဘာ ၁၃ ရက်နိ၊ ညဇာက ကျောက်ဖြူမာအရပ်သားပြည်သူတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိ ဖမ်းယူလားရေလို့ သိရပါရေ။
ဖမ်းဆီးခံရရေလူစွာ ကျောက်ဖြူမြို့၊ဂုံးချွိန်ကျေးရွာက ကိုဇော်ထက် (၂၈နှစ်) ဖြစ်ပါရေ။
ဒီဇမ်ဘာ ၁၃ ရက်နိ၊ညည့် ၈ နာရီလောက်မာ ကျောက်ဖြူအခြီစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား တရာလောက်က ဂုံးချွိန်ရွာထဲသို့ဝင်ရောက်လာပြီးကေ ကိုဇော်ထက်ကို အကြောင်းပြချက်မဟိဘဲ ဖမ်းယူလားခပါရေ။
ရက္ခိုင်ပြည်မာ ကုန်ခရေ နိုဗမ်ဘာ ၁၃ ရက်နိကစလို့ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့အကြား တကျော့ပြန် တိုက်ပွဲတိဖြစ်ပွားလျက်ဟိရာ နိုင်ငံတဝှမ်း အယှုံးနန့် ဆိုးဝါးစွာ ရင်ဆိုင်နီရရေ စစ်ကောင်စီစွာ အပြစ်မဲ့ပြည်သူတိကို မတရားဖမ်းဆီးပြီးကေ လူသားဒိုင်းကာ အဖြစ်ပြုလုပ်စွာ၊ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်စွာတိကို နိစဉ်ရက်ဆက် ဆက်တိုက် ပြုလုပ်လာနီပါရေ။