APM ၊ ဒီဇမ်ဘာ ၁၄ / ၂၀၂၃
ရက္ခိုင့်ပြည်အတွင်း ဖော်ဆောင်နီရေ ၁၀၂၇ စစ်ဆင်ရီး (၄၅) ရက်တာ ကာလအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၁၄၂ ခုကို ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ဒေနိ(ဒီဇမ်ဘာ ၁၄ ရက်နိ) ညည့် ၁၁ နာရီ မိနစ် ၅၀ အချိန် ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “ညီနောင်မဟာမိတ် (၃) ဖွဲ့အနီနန့် ၁၀၂၇ စစ်ဆင်ရီးကို စတင်အကောင်အထည်ဖော်ခရေ စစ်ရီး၊ နိုင်ငံရီး ရည်မှန်းချက်တိကို မျှော်မှန်းထားရေအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်နီပါရေ။ မိမိရို့ညီနောင် (၃) ဖွဲ့ထဲက ရက္ခိုင့်တပ်တော် (AA)စွာ ရက္ခိုင်ဒေသတွင်း စစ်ဆင်ရီး (၄၅) ရက်တာကာလအတွင်း စစ်ကောင်စီ၏ စစ်ရီးအချက်အချာကျရေ ဗျူဟာကုန်းတိ၊ စစ်စခန်းတိ၊ ရဲစခန်းတိ၊ စစ်ဖက်နန့် ရဲဖက် ပူးပေါင်း စခန်းတိနန့် နယ်ခြားစောင့်စခန်းတိ အပါအဝင် စုစုပေါင်းစခန်း (၁၄၂) ခုကို သိမ်းပိုက်ရယူနိုင်ခပါရေ လို့ ဖော်ပြထားပါရေ။
ပလက်ဝမြို့နယ်မာ ရက္ခိုင့်တပ်တော်ကသိမ်းပိုက်ခကေ နှုံးဘူးဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း အဓိက ကြီးကြပ် ကွပ်ကဲခရေ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး {အပတ်စဉ် အလုပ်သင် (၂၉)၊ ကိုယ်ပိုင်အမှတ် – ကြည်း ၃၅၃၄၄ } နန့် စစ်ကောင်စီတပ်သား အမြောက်အမြား ကျဆုံးခရေလို့ ဆိုပါရေ။
ဒေနိမာလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ဆက်လက်ဆောင်ရွက်နီရေ စစ်ဆင်ရီးနယ်မြီအချို့မာ စစ်ကောင်စီနန့် ထိတွေ့တိုက်ပွဲတချို့ဟိခပြီးကေ စစ်ကောင်စီဖက်က စစ်ရီးနယ်မြီတိနန့်မသက်ဆိုင်ရေ အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နီမှုတိကို အယင်ရက်တိနည်းတူ ဆက်တိုက်ပြုလုပ်နီခကြောင်း သိရပါရေ။
ဒေတိမိုးထ ၁၀ နာရီ ၁၅ မိနစ်မာ ဘူးသီးတောင်မြို့အခြီစိုက် ခမရ (၅၆၅) တပ်ရင်းက ပစ်ခတ်လိုက်တေ လက်နက်ကြီး (၄) လုံးထဲက (၁) လုံးစွာ ဘူးသီးတောင်မြို့နယ်၊ ပြည်ရှည်ကျေးရွာ၏ အရှိဖက် မီတာ (၂၀၀) အကွာအဝီးမာကျရောက်ပေါက်ကွဲခပြီးကေ နောက် (၁) လုံးစွာ ဘူးသီးတောင်မြို့နယ်၊ သရက္ကင်းမနူး အုပ်စု၊ ကြက်မောက်တောင်ရွာ၊ သင်္ချိုင်းအနားမာ ကျရောက်ပေါက်ကွဲခလို့ နွားကျောင်းနီရေ အသက် (၁၁) နှစ်အရွယ် မူဆလင်ချေတယောက်၏ ညာဖက်ပေါင်မာ လက်နက်ကြီးကျည်စထိမှန်ခပါရေ။
ယင်းအပြင် ဒေနိမိုးထ ၁၁ နာရီ ၁၀ မိနစ်မာ မြောက်ဦးမြို့ဟိ စစ်ကောင်စီ ခြီကုတ်စခန်း တခုဖြစ်တေ သင်းကျစ်တော်အထိုင်ဗျူဟာကုန်း ကလည်း မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာ၏ အရှိဖက် တောင်တန်းသို့ လက်နက်ကြီးနန့် (၁) ကြိမ် ပစ်ခတ်ခရေပိုင် မင်းပြားမြို့နယ်၊ တောင်ဦးမော်စေတီမာ အခြီချထားရေ ခမရ (၅၄၁) တပ်ရင်းကလည်း ဒေနိနခင်း ၁၁ နာရီ ၃၁ မိနစ်မာ မြစ်တွင်းလားလာနီကေ စက်လှီ၊ သမ္ဗာန်လှီတိနန့် မြို့အနားတဝိုက် လားလာနီကတ်တေ ဆိုင်ကယ်၊ ခရီးသည်တင်ယာဉ်ချေတိကို စက်သီနတ်တိ၊ လက်နက်ချေတိနန့် ပစ်ခတ်ခပါသိမ့်ရေ။
အလားတူ ဒေနိ ညဇာ ၈ နာရီကသလို့ စစ်ကောင်စီ၏ စစ်တွေအခြီစိုက် အမှတ် (၁၂)ရဲတပ်ရင်းက ပေါက်တောမြို့ဖက်သို့ အတွဲလိုက်ဒုံးတိနန့် တမင်တကာရည်ရွယ်ပစ်ခတ်ခရေလို့ ဆိုပါရေ။
ရက္ခိုင်ဒေသအတွင်းမာပင် စစ်ကောင်စီနန့် ရက္ခိုင့်တပ်တော် (AA) ရို့ အယင်တိုက်ပွဲတိကနီ တကျော့ပြန်တိုက်ပွဲဖြစ်တေ ဒေနိအထိ စစ်ကောင်စီဖက်က စွပ်စွဲသံသယတိနန့် မတရားသဖြင့် ဖမ်းဆီးထားရေ အရပ်သားပြည်သူဦးရေ (၄၃၀) ကျော်အထိ ဟိလာယာလို့ သိရပါရေ။
သျှမ်းမြောက်ဖက်မာလည်း ဒေနိမိုးထ ၃ နာရီ ၃၀ မိနစ် အချိန်က လက်နက်ချအညံ့မခံဘဲ မ ဆက်လက်တိုက်ခိုက်နီရေ စစ်ကောင်စီ၏ မူဆယ် (၁၀၅) မိုင်စခန်း ဟိ ရန်သူ့အကြွင်းအကျန်တိနန့် ညီနောင် (၃) ဖွဲ့စွာ တိုက်ပွဲပြင်းထန်ခပနာ၊ တိုက်ပွဲဖြစ်နီချိန် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် (၁၁) ကြိမ်၊ Mi35 ရဟတ်ယာဉ်နန့် (၂) ကြိမ်နန့် သူရို့၏ မူဆယ်အခြီစိုက်တပ်စခန်းက အတွဲလိုက်ဒုံးကျည်နန့် (၃) ကြိမ်တိုင်တိုင် ပစ်ခတ်ခရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
ယင်းအပြင် ဒေနိမိုးထ ၁၀ နာရီ ၂၀ မိနစ်အချိန်လောက်မာ တအာင်းတပ်မတော် (TNLA)စွာ တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့ဟိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းအတွင်း သိမ်းပိုက်ဖို့ ကျန်နီသိမ့်ရေ လက်ကျန်ဧရိယာစကေချေကို အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်ခပြီးကေ၊ တိုက်ပွဲဖြစ်နီချိန် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် (၇) ကြိမ်၊ Y12 ရဟတ်ယာဉ်နန့် (၁၇) ကြိမ်တိုင်တိုင်လာရောက်ပနာ ဗုံး (၁၀၈) လုံးနန့် ပစ်ကူတိုက်ခိုက်ခရေကိုင် စစ်ကောင်စီ၏ မန်တပ်တပ်စခန်း နန့် နမ့်ဖတ်ကာတပ်စခန်းရို့ကလည်း လက်နက်ကြီးနန့် (၂၃) ကြိမ်တိုင်တိုင် ပစ်ခတ်ခရေအထိ လက်နက်ကြီး၊ လီကြောင်းပစ်ကူအမြောက်အမြားနန့် သူရို့စခန်းမကျရီးကို ခုခံခကေလေ့ အချည်းနှီးရာ ဖြစ်ခရရေလို့ ဆိုပါရေ။
အလားတူ ဒေနိ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်မာလည်း သျှမ်းပြည်မြောက်ပိုင်းဟိ စစ်ကောင်စီအခြီစိုက် ကွတ်ခိုင်တပ်စခန်း နနန့် ညဇာ ၃ နာရီ ၂၅ မိနစ်မာ မန်တုံမြို့နယ်ဟိ စစ်ကောင်စီ၏ ခလရ (၁၃၀) တပ်စခန်း ရို့ကိုလည်း TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခရေအပြင်၊ ကျောက်မဲမြို့နယ်၊ လွယ်ခေါ်ကျေးရွာအနားတဝိုက်မာလည်း စစ်ကောင်စီတပ်နန့် TNLA ကြား ထိတွိတိုက်ပွဲဖြစ်ပွားခပါရေ။
ဒီဇမ်ဘာ ၁၄ ရက်နိ တရက်တည်းမာပင် နမ့်ဆန်မြို့ကို စစ်ကောင်စီ၏ မန်တုံ ခလရ (၁၃၀) တပ်စခန်းက လက်နက်ကြီးတိနန့် (၉) ကြိမ် ပစ်ခတ်တိုက်ခိုက်ခရေပိုင် မန်တုံတပ်စခန်း နန့် မူဆယ်တပ်စခန်း ရို့ကိုလည်း ထပ်လို့ လက်နက်ခဲယမ်းနန့် ရိက္ခာဖြည့်တင်းခပါရေ။
ဒီဇမ်ဘာ ၁၃ ရက်နိ ညဇာ ၄ နာရီ ၅၀ မိနစ်အချိန်ကလည်း နမ့်ခမ်းမြို့၊ ပေါက်တိုက်မရပ်ကွက်ဟိ စစ်ဖီးယှောင် (၂၆၀) ကျော် ယာယီခိုလှုံနီရေ ဇေယျသုခဘုန်းကြီးကျောင်းဝင်းအတွင်းသို့ စစ်ကောင်စီ၏ ဂျက်လီယာဉ်စွာ တမင်တကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခလို့ ကိုရင် (၁) ပါး ထိခိုက်ဒဏ်ရာရလာခပြီးကေ ကျောင်းဝင်းထဲက သံဃာဆောင်အများအပြား ထိမှန်ပျက်စီးခရေပိုင် ယင်းနိ ညဇာ ၃ နာရီ ၂၀ မိနစ်အချိန်မာ ကိုးကန့်ခရိုင်၊ ဟဲ့လုံထန်ပကျေးရွာက ဒေသခံတယောက်စွာ စစ်ယှောင်ရာကနီ အိမ်သို့ ပြန်လာချိန် စစ်ကောင်စီတပ်စခန်းတိက ထွက်ဗြီးလွတ်မြောက်လားကတ်တေ တပ်ဖွဲ့ဝင်တချို့ ရည်ရွယ်ချက်ဟိဟိနန့် နီအိမ်အတွင်း မိုင်းထောင်ခမှုကြောင့် မိုင်းပေါက်ကွဲမှုဖြစ်ပနာ ဒဏ်ရာ အပြင်းအထန်ရဟိလားခ ကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။